ကျူးကျော်ပြဿာနာဖြေရှင်းရန် ၂၀၁၅ မကုန်မီဆောင်ရွက်မည်
ကျူးကျော်ပြဿနာများကိုဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြို့သစ်များတွင် ယာယီနေရာချထားပေးရေးကို တိုင်းနှင့်ပြည်နယ်အစိုးရများနှင့်ညှိနှိုင်းပြီး ၂၀၁၅မကုန်မီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစိုးတင့်ကပြောကြားလိုက်သည်။
ဇွန်လ ၁၁ ရက်တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒုဝန်ကြီးက အထက်ပါအတိုင်းပြော ကြားသွားခဲ့ခြင်းဖြစ်သည်။
ကျူးကျော်ပြဿနာများဖြေရှင်းရန်အပါအဝင် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် မြို့သစ်အိမ်ရာ မြေ ကွက်ဖော်ထုတ်မှုစီမံကိန်းကို ၂၀၁၅ မတိုင်မီကာလအတွင်း စတင်ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ၏ မေးမြန်းမှုကို ဒုဝန်ကြီးပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
7daydaily
.jpg)
မှတ်ချက်များ