ပြိုင်ကားတွေအကြားတွေ့ရမဲ့ ဆိုလာနေရောင်ခြည်သုံး စနစ်များ
အိမ်တွေ၊ အဆောက်အအုံတွေမှာ ဆိုလာ (နေရောင်ခြည်သုံး) စနစ်တွေကို သုံးတာကနေ ယခု ပြိုင်ကားတွေထက်မှာ ပါသုံးမဲ့ အစီအစဉ်ဖြစ်ပါတယ်။
မြင်းကောင်ရေ ၆၀၀လောက်ရှိတဲ့ ပြိုင်ပွဲဝင် ကားတွေဆီမှာ ပါဝါအနည်းငယ်ထောက်ကူပေးနိင်တဲ့ ဆိုလာ ပြားတွေက ဘယ်လို မျှတကောင်းမွန်မူတွေ ပေးနိင်ပါမလဲ?ဗြိတိန် ကားထုတ်လုပ်သူ Aston Martin ကမ္ဘာ့ ကားပြိုင်ပွဲတွေအတွက် ပါဝင်မဲ့ အမြင့်စား GTE ပြိုင်ကားတွေရဲ့ ခေါင်မိုးပေါ်မှာ တပ်ဆင်ဖို့ ဖြစ်ပါတယ်။
ထို ဇိမ်ခံကား ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဒါဟာ အနည်းငယ်သော အရာလေးတွေကိုသာ ကြည့်ခြင်းမဟုတ်ပါဘူး။ ဘာလို့ဆို ဒါဟာ ကမ္ဘာ့ စိမ်းလန်းမူနဲ့ ပတ်သက်နေပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေကို ကျော်လွန်ပြီး အစွန်းတစ်ခုကို ရဖို့ နည်းလမ်းတစ်ခုထက် ပိုပါတယ် လို့ဆိုခဲ့ပါတယ်။
ကုမ္ပဏီဟာ ထို စနစ်ကို အမြင့်စီး လေအေးပေးစနစ်တွင် အသုံးပြုမှာ ဖြစ်ပြီး ဒရိုင်ဘာကို အပူလွန်ကဲခြင်း ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ကားအင်ဂျင်ကိုလည်း ၀န်လေးခြင်းမှာ ကာကွယ်ပေးကာ ဆီစားမူ ကိုတောင် အနည်းငယ်သက်သာစေပြီး ဒီအချက်တွေကြောင့် ပိုပြီး ကြာကြာ ပြေးနိင်မှာ ဖြစ်ပါတယ်။
ထိုစနစ်ဟာ ပထမတန်းစား ပြိုင်ပွဲတွေ အတွက်ကတော့ အဆင့်သင့် မဖြစ်သေးပဲ နောက်ထပ် တစ်ခုအနေနဲ့ အမေရိက တက္ကဆက်မှာ ရရှိမှာ ဖြစ်ပါတယ်။
Aung Heine

မှတ်ချက်များ