သီရိလင်္ကာနိုင်ငံ အပန်းဖြေစခန်းမြို့နှစ်မြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်


သီရိလင်္ကာရဲတပ် ဖွဲ့သည် တနင်္ဂနွေနေ့ညက ကမ္ဘာ လှည့်ခရီးသည်များ အလာများ သော ဒေသတစ် ခုဖြစ်သည့် အ လတ်ဂါမာနှင့် ဘီရူဝါလာအပန်း ဖြေစခန်းမြို့များတွင် ဗုဒ္ဓဘာသာ ဝင်များက အစ္စလာမ် ဘာသာဝင် များ ပိုင်ဆိုင်သော ဈေးဆိုင်များ နှင့် အိမ်များကို မီးရှို့ဖျက်ဆီးပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့ ပြီး နောက် တနင်္လာနေ့တွင် ထိုဒေသ ၌ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေညတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများ၌ အနည်းဆုံး လူ ၈၀ ခန့် ဒဏ်ရာရခဲ့ပြီး သေဆုံးသူ သုံးဦးခန့်ရှိခဲ့သည်။

အာဏာပိုင်များက အပြင် မထွက်ရအမိန့်ကို ထုတ်ပြန်ထား သော်လည်း ရဲတပ်ဖွဲ့သည် တနင်္ဂ နွေညဖြစ်စဉ် တွင် ထိရောက်သည့် တားမြစ်မှုများ မပြုလုပ်ခဲ့၍ ရပ်ရွာခေါင်းဆောင်များက ဝေဖန်ရှုတ် ချထားသည်။

‘‘အနည်းဆုံး လူ ၈၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီထဲမှာ ရဲ တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပါ တယ်။ အခြေအနေကိုတော့ အ များအားဖြင့် ထိန်းချုပ်ထားပြီးပါ ပြီ။ ဒါပေမဲ့ ညမထွက်ရ ကာဖျူး အမိန့်ကိုတော့ သတိထားတဲ့အနေနဲ့ ဆက်ပြီးထားရှိပါတယ်’’ဟု ရဲတပ်ဖွဲ့၏ သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီ အား ပြောသည်။

တနင်္ဂနွေနေ့ ဖြစ်စဉ်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အဖွဲ့မှာ ဗုဒ္ဓဝါဒီတပ်ဖွဲ့ (BBS)ဟုခေါ်သော အစွန်းရောက်ဗုဒ္ဓဝါဒီများအဖွဲ့ဖြစ်ပြီး ညနေပိုင်းနေဝင်ချိန်တွင် မွတ်စလင်များပိုင်သော ဈေးဆိုင်များနှ င့် နေအိမ်များကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့မှာ လမ်းတွင် ချီ တက်လာစဉ် မွတ်စလင်လူငယ် များက ခဲဖြင့်ပစ်ပေါက်သည်ဆို ကာ ပြဿနာဖြစ်ပွား ခဲ့ရခြင်းဖြစ် သည်။

ထိုပြဿနာကြောင့် လက်ရှိ တွင် တောင်အမေရိကရှိ ဘိုလီး ဗီးယားနိုင်ငံသို့ အလည်အပတ် ခရီး ရောက် ရှိနေသော သမ္မတ ရာဂျပက်စာကလည်း မည်သူ့ကိုမျှ ဥပဒေချိုးဖောက်ခွင့် ပေးမထား ကြောင်းနှင့် ဒေါသ ထွက်ရန်လိုမှု များ ထိန်းချုပ်သင့်ကြောင်း တိုက် တွန်းခဲ့သည်။

ဗုဒ္ဓဘာသာဝင်အများစုဖြစ် သော သီရိလင်္ကာနိုင်ငံတွင် လူဦး ရေ သန်း ၂၀ ရှိပြီး လူဦးရေ ၁၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာ ဝင်များဖြစ်သည်။

7daydaily

မှတ်ချက်များ