ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ ကွန်ဖရင့်တွင် မိန့်ခွန်းပြောကြား

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဉ် (AFP)

နီပေါနိုင်ငံသို့ လေးရက်ကြာ အလည်အပတ် ရောက်ရှိနေသည့် ဒေါ်အောင် ဆန်းစုကြည်သည် ဇွန်လ ၁၄ ရက်တွင်ပြုလုပ်သည့် နီပေါနိုင်ငံ၏ ပထမဆုံး ရွေးကောက်တင် မြှောက်သော ပထမဆုံးဝန်ကြီး ချုပ် ကွယ်လွန်သူခေါင်းဆောင် Kiorala နှစ်(၁၀၀)ပြည့် အထိမ်း အမှတ်အခါသမယ နိုင်ငံတကာကွန်ဖရင့်တွင် တက်ရောက်မိန့် ခွန်းပြောကြားခဲ့သည်။မြန်မာအတိုက်အခံ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့တွင် နီပေါ နိုင်ငံသို့ လေးရက်ကြာ အလည် အပတ် ရောက်ရှိလာဖြစ်ခြင်း ဖြစ် သည်။

သောကြာနေ့ နေ့လယ်တွင် ခတ္တမန္ဒူထရီဗူဗန်နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင် ဆန်းစုကြည်နှင့် အဖွဲ့ဝင်သုံးဦးကို နီပေါနိုင်ငံခြားရေး ဝန်ကြီး မာဟက်ရှ်အချာယာက ကြိုဆိုခဲ့သည်။

‘Relevancy of Social Democracy in Kathmandu’ဟူ သော မိန့်ခွန်းတွင် ဒီမိုကရေစီဆို သည်မှာ နိုင်ငံရေးစနစ်တစ်ခုသာ မဟုတ်ဘဲ ယဉ်ကျေးမှုဖြစ်သည် ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နီပေါဝန်ကြီးချုပ် Sushil Kiorala ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၁၃ မှ ၁၆ ရက်အထိ နီပေါ တွင် နေထိုင်လည်ပတ်မည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၆၂ ခုနှစ် အသက်(၁၇) နှစ်အရွယ်တွင် ပထမဆုံးအကြိမ် နီပေါနိုင်ငံသို့ ရောက်ရှိခဲ့သည်။ နယူးဒေလီတွင် အခြေ စိုက်သော အိန္ဒိယနှင့် နီပေါနိုင်ငံဆိုင်ရာ သံ အမတ်ကြီးဖြစ်သော မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နှင့် နီပေါသို့ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် နီပေါသမ္မတ ဒေါက်တာ ရမ်ဘာရန်ယာဒက်ကိုလည်း သွား ရောက်တွေ့ ဆုံခဲ့ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

7daydaily

မှတ်ချက်များ