အိတ်စီးပြီး ရုံးသွားမယ်

ရုံးသွားဖို့ ထည့်စရာ ပစ္စည်းပစ္စယာတွေက များ တယ်။ ဒီကြားထဲ လပ်တော့ပ်တွေ ဘာတွေက ကျန်သေးတယ်။ လိုင်းကားပေါ်လည်း ဒီအထုပ် ကြီးနဲ့ တက်ရဦးမယ်။ ဒီလို စိတ်ရှုပ်စရာပြဿနာတွေကို He Liangcai ဆိုတဲ့ လူတစ်ဦးရဲ့ တီထွင်မှုက ဖြေ ရှင်းနိုင်မယ့်ပုံပါပဲ။

သူတီထွင်ထားတာက အိတ်ထဲကို ပစ္စည်းတွေ ထည့်ပြီး ပုံပါအတိုင်း အဲ့အိတ်ကို ကောက်မောင်း သွားရုံပါပဲ။အထင်တော့ မသေးပါ နဲ့။ သူ့အိတ်က တစ်နာရီ ၁၂မိုင်နှုန်းထိ ပြေးပါတယ်။

ဘက်ထရီခပ်သေးသေးသာသုံးတဲ့ ဒီအိတ်က အားပြည့်သွင်းထားရင် ၃၅ မိုင်ထိသွားပါတယ်။
သူခိုးရန်အတွက် အချက်ပေးစနစ်တို့၊ လမ်းကြပ်တာကို ဖြေရှင်းဖို့ GPS စနစ်တို့တောင် ပါပါတယ်တဲ့။

သူကိုယ်တိုင်တီထွင်ပြီး သူကိုင်တိုင်လည်း အသုံးပြုနေတဲ့ မစ္စတာ He က အိမ်ကနေ Changsha ဘူတာရုံကို သွားတိုင်း ဒီအိတ်ကို စီးသွားတယ်လို့ဆိုပါတယ်။

Global Times ရဲ့အဆိုအရ ကျောင်းပညာရေး မြင့်မြင့်မားမားမရှိဘဲ လယ်သမားတစ်ဦးဖြစ်တဲ့ မစ္စတာ He ဟာ ဒီအိတ်ကို တီထွင်ဖို့ ၁၀ နှစ်အချိန်ယူခဲ့ရပါတယ်။
သူအမေရိကားကိုရောက်စဉ်က အိတ်မေ့ကျန်ခဲ့တဲ့အချိန်မှာ ဒီစိတ်ကူးကို ရခဲ့တာ လို့ဆိုပါတယ်။

ဖိုးသူတော်

မှတ်ချက်များ