စင်္ကာပူမှာကောလဟလ ဖြစ်နေတဲ့ အောက်လမ်းအတတ်နဲ့ စီရင်ထားတဲ့အရုပ်

ဒီလိုအရုပ်မျိုးတွေ့ရင် သူ့မျက်လုံးကို အုပ်ထားတဲ့အဝတ်စကို သွားမဖယ်ပါနဲ့။ ဒီလိုမှ မဟုတ်ရင်တော့ သင့်နောက်ကို လိုက် လာပါလိမ့်မယ်။

စိတ်ကို မသိုးမသန့်ဖြစ်စေတဲ့ဒီအရုပ်ကို စင်္ကာပူနိုင်ငံက လမ်းဘေးတစ်နေရာမှာ တွေ့ပြီးနောက် မှာတော့ ကော လဟလ ပေါင်းစုံထွက်လျက်ရှိပါတယ်။

ပိုးသားနဲ့ ဇာအင်္ကျီကို ဝတ်ထားတဲ့ ဒီအရုပ်ရဲ့ပုံကို Reddit မှာတင်ခဲ့ပြီးနောက်မှာ အွန်လိုင်းပေါ် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ ပါတယ်။

မျက်လုံးပေါ် အုပ်ထားတဲ့အဝတ်စမှာ အာရေဗီစကား 'bismillah' လို့ ရေးထိုးထားပြီး “God ရဲ့နာမတော်အ ရ” လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအရုပ်ဟာ အောက်လမ်း အရုပ်တစ်မျိုးဖြစ်ပြီး သူ့ဘာသူ ရွေ့လျားနိုင်ကာ အမျိုးသမီးအသံနဲ့လည်း စကားပြောနိုင်တယ် လို့ဆိုပါတယ်။

ဒီအရုပ်ကို ဖယ်ရှားလိုက်တဲ့အခါမှာ ပြန်လိုက်မလာနိုင်အောင် အတွက် မူလပိုင်ရှင်က အစီအရင်တွေနဲ့ မျက်လုံးကို ဖုံးအုပ်ထားခဲ့တာ လို့ဆိုပါတယ်။သူ့မျက်လုံးပေါ်က အဝတ်စကို ဖယ်လိုက်သူနောက်ကို သူက လိုက်လာနိုင်ပါတယ်။

ဒီအရုပ်ဟာ မရိုး သားကြောင်း ပြောကြားချက်တွေကနေ ဘယ်လိုဖျက်ဆီးရမယ်ဆိုတဲ့ အကြံပေးချက်တွေ ထိ အမျိုးမျိုးပြောဆိုနေကြတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီပုံကို မူလတင်သူက သိပ္ပံအထောက်အထား တွေလည်းမရှိတာကြောင့် လေးလေးနက်နက်ကြီး မလုပ်ကြရန်နဲ့ သူက ရှယ်ရုံသက်သက်သာ ဖြစ်ကြောင်း ပြန်လည် ရေးသားခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ