နယ်စပ်ဒုက္ခသည်များ စားနပ်ရိက္ခာ မလုံလောက်

မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ – ရိုက်တာ)
လူပေါင်း ၁ သိန်း ၃ သောင်းလောက် ခိုလှုံနေကြတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီစီ) က နေ့စဉ်စားသုံးနေတဲ့စာနပ်ရိက္ခာကို လျှော့ချတဲ့ အ တွက် ဒုက္ခသည်တွေ ရိက္ခမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို တီဘီစီ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ ဆန်ရိ က္ခာ လျှော့ချလိုက်တဲ့အတွက် ဒုက္ခသည်တွေ ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာပါ။

မယ်လဒုက္ခသည်စခန်းမှာနေသူ တဦးဖြစ်တဲ့ နော်ဟဲလယ်ထူးက “ရိက္ခာလျှော့တဲ့အတွက် လူတွေတော်တော်များများ စိတ်ပျက်လက်ပျက်ဖြစ်ကုန်တယ်။ ဒုက္ခသည်စခန်းမှာ မနေချင်ကြတော့ဘူး။ အပြင်ထွက်ချင်ကြတယ်၊ နိုင်ငံခြား ထွက်ချင်နေကြတယ်။ ဒါပေမယ့် တော်တော်များများက ယူအန်လက် မှတ် (ယူအန်က သတ်မှတ်ထားတဲ့ ဒုက္ခသည်လက်မှတ်) မရှိတော့ ထွက်လို့မရဘူး။ ယူအန်လက်မှတ်ရှိရင် အားလုံး နိုင်ငံခြားထွက်ကြမှာပဲ၊ အသက်မွေးဝမ်းကြောင်းပညာတွေ ပေးပေမယ့် ဘယ်မှာသွားလုပ်စားရ မှာလဲ။ အပြင်လည်းထွက်မရ။ ထွက်လို့ အဖမ်းအဆီး မရှိဘူးဆိုရင် ကောင်းတာပေါ့။ အခုက အပြင်ထွက် အလုပ်လုပ်ရင် ဖမ်းဆီးတယ်ဆိုတော့ ဘယ်လိုအဆင်ပြေမှာလဲ” လို့ ပြောပါတယ်။

ဒီလိုရိက္ခာလျှော့တာဟာ အိမ်ပြန်ဖို့ တွန်းပို့တာလားဆိုပြီး တချို့ဒုက္ခသည်တွေက မေးခွန်း ထုတ်နေတြ တယ်လို့ မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး ၂ နော်ဒေးဒေးဖိုးက ပြောပါတယ်။

ကရင်ဒုက္ခသည်ကော်မတီ တွဲဖက်အတွင်းရေးမှူး နော်ဘလူမင်းနိုက်ဇန်ကတော့ နိုင်ငံတကာ အကူအ ညီ လျော့နည်းသွားတဲ့အတွက် ရိက္ခာလျှော့ချရတာဖြစ်ပြီး ဒုက္ခသည်တွေကို ပြန်ဖို့ တွန်းပို့တာမဟုတ်ဘူး လို့ ပြောပါတယ်။

အရွယ်ရောက်ပြီးသူတွေကို အရင်က တလေ ဆန် ၁၂ ကီလို ပေးရာကနေ ၈ ကီလိုအထိ လျှော့ချပေး တာဖြစ်ပြီး အသက် ၁၈ နှစ်အောက်ကလေးတွေရဲ့ ရိက္ခာကိုတော့ အရင်ဝေနေကျနှုန်းထားအတိုင်း ပေးဝေ ပါတယ်။

ဒီလိုရိက္ခာလျော့နည်းသွားတဲ့အတွက် စခန်းတွေက ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်း တေဟာ လုပ်ခလစာ တိုးတောင်းဆိုမှုတွေ ပြီးတဲ့လပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

တီဘီစီကတော့ ရိက္ခာတွေ လျှော့တာဟာ နိုင်ငံတကာက အကူအညီ လျော့သွားတာ ပါဝင်သလို ငွေလဲနှုန်း နဲ့ ကုန်ဈေးနှုန်း မြင့် တက်လာတဲ့အပေါ်မှာ မူတည်တယ်လို့လည်း ပြောဆိုထားပါတယ်။



နော်နိုရင်း | ဒီဗွီဘီ

မှတ်ချက်များ