ဘရာဇီးနဲ့ မက္ကဆီကိုတို့ ကစားခဲ့တဲ့အုပ်စုဒုတိယပွဲစဉ်မှာ မထင်မှတ်ထားလောက်အောင် လက်စွမ်းပြသပြီး သရေတစ်မှတ်ရ အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မက္ကဆီကိုအသင်းဂိုးသမားအိုချိုအာကတော့ အဲဒီပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို မက္ကဆီကိုပရိ သတ်တွေအတွက်လည်း သူရဲကောင်းဖြစ်ခဲ့ပါတယ်။
ဘရာဇီးကစားသမားတွေရဲ့ အပိုင်အခွင့်အရေးတော်တော်များများကို အံ့သြမင်သက်ဖွယ်ကောင်းလောက်
အောင်ကာကွယ်နိုင်ခဲ့တာကြောင့် အိုချိုအာရဲ့သတင်းတွေက လူမှုစာမျက်နှာတွေပေါ်မှာ အချိန်အတော် ကြာနေရာယူနေခဲ့ပါတယ်။ သူ့မှာ လက်ငါးချောင်းထက်မ က ခြောက် ချောင်းပါဝင်နေတယ်လို့ ပြော ဆိုဖြန့်ဝေနေမှုတွေကြောင့် သူကိုယ်တိုင်က အဲဒါတွေဟာ ကော လာဟလတွေသာဖြစ်တယ်လို့ ရှင်းလင်း ခဲ့ရပါ တယ်။
အခုနောက်ဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Instagram မှာ ပျံ့နှံ့လာတဲ့ သတင်းကတော့ အိုချိုအာအတွက် ကျေနပ်စရာသတင်း လို့ ဆိုရမှာပါ။ အဲဒီသတင်းကတော့ မက္ကဆီကိုနိုင်ငံရဲ့အထင်ရှား အကျော်ကြားဆုံး အမျိုးသမီးအဆိုတော်လို့ သတ်မှတ်ခံထားရတဲ့ ပေါ့ပ်အဆို တော်တာလီယာက သူမရဲ့ Instagram စာမျက်နှာပေါ်ကနေ သူမရဲ့ပုံနဲ့ အိုချိုအာပုံကို အတူတွဲပြီး “ကျွန်မကို လက်ထပ်ပါ”လို့ ရေးသားခဲ့ တာ ပါ။ တာလီယာဟာ သူမရဲ့လှပတဲ့ ရုပ်ရည်ကြောင့် မက္ကဆီကိုမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်ပြီး လက်တင်ပေါ့ပ်ဘုရင်မ လို့တောင် သတ် မှတ်ခံထားရသူလည်းဖြစ်ပါတယ်။
Mizzima Sport News

မှတ်ချက်များ