ရန်ကုန်မြို့တွင်းရှိ အမှိုက် ကန်များကို ဖျက်သိမ်းပြီးအ မှိုက် ပုံးများဖြင့် အစားထိုးလဲလှယ်သွား မည်ဟု ရန်ကုန် စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင်းရှိ ၀ါးကပ် အမှိုက်ကန်၊ အုတ်ကန် များနေရာ တွင် အမှိုက်ပုံးများဖြင့် အစားထိုး လဲ လှယ်ခြင်းကို ပြီးခဲ့သည့်နှစ်က တည်းက လုပ်ဆောင် ခဲ့ပြီး ကျန်ရှိ နေသည့် အုတ်ကန်များကိုလည်း ဆက်လက်ဖျက်သိမ်းသွားမည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူး က ပြောသည်။
ထိုသို့ ဖျက်သိမ်းရာတွင် လူ အသွားအလာများသည့်နေရာ၊ လူမြင်ကွင်းနှင့် နီးစပ်သည့် နေရာ များမှ အမှိုက်ကန်များကို ဦးစား ပေးဖျက်သိမ်းသွားပြီး ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုအပေါ် မူ တည်၍ ၆၆၀ လီတာနှင့် ၂၄၀ လီ တာဆံ့ အမှိုက်ပုံးများဖြင့် အစား ထိုးချထားမည်ဟု သိရသည်။
‘‘အမှိုက်ကန်တွေက တ ဖြည်းဖြည်း လျော့သွားမှာပဲ။ အဲဒီ နေရာမှာ အမှိုက်ပုံးတွေအစားထိုး သွားမယ်။ ၀ယ်ထားတဲ့ အမှိုက် ကားတွေက လူမပါဘဲနဲ့ အမှိုက် ပုံးတွေကို အလွယ်တကူ သိမ်းလို့ ရတဲ့ ကားတွေဆိုတော့ သိမ်းရ တာလည်း လွယ်ကူတာပေါ့’’ ဟု လက်ထောက်ဌာနမှူးက ပြော သည်။
ထို့ပြင် ၆၆၀ လီတာနှင့် ၂၄၀ လီတာဆံ့ အမှိုက်ပုံးသစ် ၆၀၀၀ ကျော်ကိုလည်း ယခုဘတ် ဂျက်တွင် ထပ်မံဝယ်ယူသွားရန်ရှိ သည်ဟု ဆိုသည်။
ရန်ကုန်တစ်မြို့လုံးရှိ အမှိုက် ကန် ၉၀၀ ကျော်ကို အမှိုက်ပုံး များဖြင့် အစားထိုးအသုံးပြုရန် ဖျက်သိမ်းလာခဲ့ရာ အမှိုက်ကန် နှစ်ရာဝန်းကျင်သာ ဖျက်သိမ်းရန် ကျန်ရှိတော့ကြောင်း သိရသည်။
7day

မှတ်ချက်များ