ဖခင်၏ အရိုက်အရာကို ဆက်ခံပြီး စပိန်ဘုရင်အဖြစ် နန်းတက်ခဲ့သည့် ဖိလစ်ပီ


စပိန်အိမ်ရှေ့စံမင်းသား (သတ္တမမြောက်) ဖိလစ်ပီသည် ဇွန်လ(၁၉)ရက်နေ့မှ စတင်ကာ စပိန်နိုင်ငံ၏ ထီးနန်းကို ဆက်ခံခဲ့ပြီ ဖြစ်သည်။

အသက်(၄၆)နှစ် အရွယ်ရှိ အိုလံပစ် ရွက်လှေအားကစားသမားဟောင်းသည် မက်ဒရစ်မြို့တော်တွင် ကျင်းပသည့် ထီးမွေနန်းလျာ လွှဲအပ်မှု အခမ်းအနားတွင် ဖခင်ဖြစ်သူထံမှ အရိုက်အရာကို ဆက်ခံခဲ့သည်။

အသက်(၇၆)နှစ်ရှိ ဘုရင်မင်းမြတ် ဟွမ်ကားလို့စ်သည် စပိန်ထီးနန်းကို (၃၉)နှစ်ကြာ စိုးစံပြီးနောက် နန်းစွန့် ရန် ဆုံးဖြတ်ခဲ့သည်။ အာဏာရှင် ဖရန်ဆစ္စကို ဖရန်ကို အုပ်စိုးမှုနောက်ပိုင်း ပထမဆုံး ဖြစ်လာသည့် ထီးနန်း အပ်နှင်းပွဲတွင် သရဖူကို လက်ခံယူပြီးနောက် ဖိလစ်ပီသည် GMT စံတော်ချိန် (၂၂း၀၀)နာရီတွင် စပိန်နိုင်ငံ ၏ ဘုရင်အဖြစ် တရားဝင် အသိအမှတ်ပြု ခံခဲ့ရသည်။

ထီးနန်းဆက်ခံပြီးနောက် ဖိလစ်ပီ အနေဖြင့် ပြည်သူလူထုကြား ရေပန်းစားမှု ကျဆင်းခဲ့သည့် တော်ဝင်မိ သားစု၏ ပုံရိပ်ကို မြှင့်တင်ရန်၊ နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေ မြင့်တက်မှု ပြဿနာများကို ဖြေရှင်းရန် အစ ရှိသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။

တိုက်ဆိုင်မှု တစ်ခုမှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ စပိန်အသင်း ချီလီကို (၂-၀)ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာခဲ့ရသဖြင့် နိုင်ငံသားများ စိတ်ပျက် ဝမ်းနည်းနေချိန်တွင် ဖိလစ်ပီက ဘုရင်အဖြစ် တရားဝင် တင်မြှောက်ခံရခြင်း ဖြစ်သည်။ စပိန်နိုင်ငံသား အများစုက စပိန်ဘော လုံးအသင်း၏ စွမ်းဆောင်ရည်ကို စိတ်ပျက်ခဲ့သော်လည်း ဖိလစ်ပီ နန်းတက်လာခြင်းကိုမူ ကြိုဆိုလက် ခံခဲ့ကြောင်းလည်း သိရှိရသည်။

7day

မှတ်ချက်များ