ကျောင်းသားကျောင်းသူများ အာဟာရပြည့်မုန့်များ စားသုံးရေး လှုပ်ရှားမှုလုပ်မည်

ကျောင်းသားကျောင်းသူတွေ အာဟာရပြည့်ဝသော မုန့်တွေစားသုံးရေးလူပ်ရှားမူ တခုကို အကသ ( ၈၈ မျိုးဆက် ) က ပြုလုပ်ဖို့ ရှိနေပါတယ်။

အန္တရာယ်ရှိမုန့်တွေကို ရှောင်ကျဉ်နိုင်ဖို့ ကလေးတွေနှင့် မိဘတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှုတခု ပြုလုပ် မယ် လို့ ဆိုပါတယ်။

လာမယ့် ဇွန် ၂၃ ရက်နေ့၊ မနက်ပိုင်းမှာ အထက ၁ သင်္ဃန်းကျွန်းကျောင်းရှေ့မှာ ကျောင်းလာတက်တဲ့ ကလေးငယ်တွေကို မြန်မာမုန့်တွေ အခမဲ့ဝေငှသွားမယ်လို့ အကသ (၈၈ မျိုးဆက်) အဖွဲ့ဝင်တဦးက ပြောပါ တယ်။

တိုင်းနဲ့ ပြည်နယ် ၈ ခုရှိ စာသင်ကျောင်းတွေမှာ အစားအသောက် အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ အစားအသောက်နဲ့ ဆေးဝါးဌာနကလည်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းကတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ ကျောင်း ၁၀ ကျောင်းမှာ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ကျောင်းတွေမှာ တရုတ်ကလာတဲ့ အသင့်စားမုန့်ထုပ်တွေ အများဆုံး တွေ့ရပြီး ထိုင်းကလာတာ ဒုတိယနဲ့ ပြည်တွင်းထုတ်က တတိယလိုက်တယ်လို့ ဒီဗွီဘီ ကို ပြောကြားထားပါတယ်။

DVB

မှတ်ချက်များ