ရန်ကုန်မြို့ရဲ့ ကြိုတင်မကြေညာဘဲ ဝုန်းခနဲဒိုင်းခနဲ ရွာတတ်တဲ့မိုးအောက်မှာ အအေးမိ၊ နှာစေးတဲ့ အပရိက နာဖျားတာတွေရှိလို့ ဒီရာသီမှာ တွဲဖက်စားသင့်တဲ့ အကောင်းဆုံး အစားအစာကတော့ ကြာဇံချက်ပါပဲ။ လှည်တန်းက လူစည်ကားရာနေရာမှာ ၁၉၈၈ကတည်းက ဆိုင်ဖွင့်ထားတဲ့ ကြာဇံချက်ဆိုင်လေး ကို ခေါ်သွားပေးပါ့မယ်။
ပဲကြာဇံကို အဓိကထားပြီး မှို၊ ပန်း၊ ပန်းခြောက်၊ ပဲပြား၊ ကြက်သားမှုန့်နဲ့ ကြက်သားကို အများဆုံး သုံးထားပြီး ကြားဇံချက်နဲ့ တွဲဖက်စားတဲ့ ရှောက်သီးသုပ်အကြောင်းကို ဆိုင်ရှင် မတင်တင်သန်းက ရှင်းပြပါတယ်။ အရင်က ရောင်းအား ၃ဆလောက်တက်လာသလို မိုးရာသီမို့ ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းခါးဟာ လူပိုစားတယ်လို့ ဆိုပါတယ်။
မုန့်ဟင်းခါးနဲ့မတူတဲ့ ကြာဇံချက်ထဲမှာ အချဉ်မပါတာကြောင့် ရှောက်သီးသုပ်နဲ့တွဲစားရင် အအီဓာတ် လည်းပြေပြီး အရသာလည်းပိုပေါ်တာကြောင့် လှည်းတန်းရောက်တိုင်း ကြာဇံချက်ဆို ဒီဆိုင်မှာပဲ စားဖြစ်တယ်လို့ မဝင်းယုထွန်းက ပြောပါတယ်။
kamayutmedia

မှတ်ချက်များ