အနောက်တိုင်းကလို အိမ်မှာနေပြီး Pizza မှာစားကြတော့မလား


ဟောလီးဝုဒ် ရုပ်ရှင်တွေထဲကလို အိမ်မှာ ဂိမ်းကစားရင်း၊ တီဗီထိုင်ကြည့်ရင်း Pizza ပူပူနွေးနွေးကို အိမ်တိုင်ရာရောက် လာပို့တဲ့ပုံစံမျိုး မြန်မာပြည်မှာ ရပြီလား။ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းဖို့ နေ့စဉ်ပြောင်း လဲနေတဲ့ ရန်ကုန်မြို့မှာ အခုတော့ ပီဇာတွေကို အော်ဒါမှာရင် အိမ်အရောက်လိုက်ပို့ပေးနေပါပြီ။

ဒဂုံမြို့နယ် ဗိုလ်ရာညွန့်လမ်းထဲက Slice of Heaven ဆိုတဲ့ ပီဇာဆိုင်ဟာ ပီဇာကို ပူပူနွေးနွေးလေး စားသုံးသူတွေလက်ထဲအရောက် ထည့်ပေးနိုင်ဖို့ Delivery Service ကို စတင်လိုက်ပြီလို့ ပြောပါတယ်။ The Whole Pizza မဟုတ်ဘဲ အရသာ မြည်းစမ်းချင်သူတွေအတွက် ပီဇာတစ်စိတ်ချင်းစီလည်း မှာလို့ရတယ်လို့ ဆိုပါတယ်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ဒဂုံ ၆မြို့နယ်အတွင်း အနည်းဆုံး ကျပ်တစ်သောင်းဖိုး မှာတယ်ဆိုရင် အိမ်တိုင်ရာရောက် ခရီးစားရိတ်ထည့်တွက်ပြီး ပို့ပေးနေပါတယ်။ မြို့ထဲ ၆မြို့နယ်ထဲမှာ မပါရင်တော့ အနည်းဆုံး ၃သောင်းဖိုးတော့ မှာရမယ်လို့ ဆိုပါတယ်။ တစ်နာရီတော့ ကြိုမှာ ရမယ်လို့ ပြောပါတယ်။

အလုပ်မှာ မအားလပ်လို့ အပြင်ထွက်မစားနိုင်တဲ့သူတွေအတွက် အခုလို Door to Door Delivery က ပိုပြီးအဆင်ပြေတယ်လို့ ကိုခင်မောင်သိန်းက ပြောပါတယ်။ ဆိုင်အကြီးကြီးတွေ ဖွင့်မယ့်အစား ဆိုင်တွေ ကို နေရာအနှံ့မှာ ဖွင့်နိုင်ရင် ပိုကောင်းမယ်လို့ အကြံပေးပါတယ်။

နိုင်ငံခြားဇာတ်ကားထဲကလို သူငယ်ချင်းတွေနဲ့ အိမ်မှာစုမိပြီဆိုရင် ပီဇာမှာစားတာမျိုး စမ်းကြည့်ချင်တဲ့သူက Wendy ပါ။ အပြင်ထွက်စားရင် လမ်းပိတ်တာနဲ့ ခရီးစားရိတ်ကိုထည့်စဉ်းစားပြီး အိမ်တိုင်ရာရောက် ပို့ပေးတဲ့ ဝန်ဆောင်မှုက အဆင်ပြေတယ်လို့ ပြောပါတယ်။ (Door to Door Delivery ရုပ်/သံ)

kamayutmedia

မှတ်ချက်များ