ဖိနပ်လည်းစီးမယ် ဖုန်းလည်းအားသွင်းမယ်
အခုဆိုရင် အိုင်တီခေတ်ကြီးကိုရောက်ရှိနေတာမို့လို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာတွေအားလုံးက အိုင်တီနဲ့ပတ်သက်တဲ့အရာတွေပါပဲ။ ဒီလို ဆိုတာကလည်း အိုင်တီပစ္စည်းတွေက လည်း တကယ့်ကိုအသုံးဝင်နေတာကိုး။ ကျွမ်း ကျင်တဲ့ပညာရှင်တွေကလည်း ထွင်မှထွင်သကိုး၊ ကြံကြံဖန် ဖန်ကိုပါပဲ။ အခုဒီမှာလည်း ဆယ့်ငါးနှစ်သား ကျောင်းသားကလေးထွင်လိုက်တဲ့ အရာလေးကတော့ တ ကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။
အသက် ၁၅ နှစ်လူငယ် ပါရမီရှင်လေးဖြစ်တဲ့ ကတ်စီမီရို က အခုလို မိုဘိုင်းဖုန်းအသုံးပြု တာတွေ ခေတ်စား လာတာကို အကျိုးပြုနိုင်ဖို့ တီထွင်လိုက်တဲ့အရာကတော့ မိုဘိုင်းဖုန်း အားသွင်းနိုင်တဲ့ ဖိနပ်တစ်ရံပါပဲ။ ဖိနပ်လည်းစီး လမ်းလျှောက်ရင်း၊ ဖုန်းဘက်ထရီအား လည်းသွင်းရင်းပေါ့။
“Solepower”လို့လည်းခေါ်ကြပါတယ်။
ဒီဖိနပ်ကို အသုံးပြုမယ့်သူက သာမန်အတိုင်း ဖိနပ်စီးလိုက်ရုံပါပဲ။ လမ်းလျှောက်မယ်၊ ခုန်မယ်၊ ပြေးလွှားမယ် စသဖြင့်အားလုံးလုပ်နိုင်ပါတယ်။ အဲ့လို လုပ် ဆောင်နေတဲ့အချိန်မှာ ဖိနပ်ပေါ်ကျလာမယ့် ဖိအားက အောက် ကခံထားတဲ့ ဒစ်အပြား ကိုပေါ်ကို ကျလာကာ စွမ်းအင်ကို ထုတ်ပေးပါတယ်။ ထွက်လာတဲ့ စွမ်းအင် ဘက်ထရီ ကို ဖုန်းအားမှာသော်လည်းကောင်း အခြား ယူအက်စ်ဘီ အားသွင်းတဲ့ ပစ္စည်းတွေမှာ သော် လည်းကောင်း အသုံးပြုလို့ရနိုင်ပါတယ်။
သူရဲ့ လစ်သီရမ်အိုင်းယွန်းဘက်ထရီထဲ ကို အားသွင်းမယ်ဆိုရင်တော့ ပြေးမယ်ဆိုရင် ရှစ်နာရီ၊ ဘတ်စ ကတ်ဘော ကစားမယ် ဆိုရင်တော့ နှစ်နာရီကြာ အားသွင်းနိုင်ပြီး အားပြည့်ဖို့အချိန်ကို လေး ကီလိုမီတာ (နှစ် မိုင်ခွဲ ) လမ်းလျှောက်လိုက်ရုံနဲ့တင် လုံလောက်မှာဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို လာမည့် ဇွန်လ ၂၆ ရက်နေ့မှာကျင်းပမယ့် ဂူးဂဲ လ်ရဲ့ ၂၀၁၄ ခုနှစ်အိုင်တီနည်းပညာပြပွဲမှာ မိတ်ဆက်ပြသသွားမှာလည်းဖြစ် ပါတယ်။
photutaw

မှတ်ချက်များ