အသက်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် လေထီးခုန်ခဲ့သည့် ဂျော့ဘုရှ် (စီနီယာ)

အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျဘုရှ် (စီနီယာ) က ၎င်း၏ အသက်(၉၀)ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် အပျော်တမ်း လေထီးခုန်ချခဲ့သည်။

မိန်းရှိ ၎င်း၏ နွေရာသီ စံအိမ်အနီးတွင် ကြာသ ပတေးနေ့က ရဟတ်ယာဉ် တစ်စင်းပေါ်မှတစ်ဆင့် ဘုရှ်က လေထီးခုန်ချခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ (၄၁)ဦးမြောက် သမ္မတဖြစ်ခဲ့သူ ဘုရှ်သည် အမေရိကန် စစ်တပ်၏ လေထီးတပ်ဖွဲ့ ဝင် တစ်ဦးနှင့်အတူ ခန္ဓာကိုယ်ပေါ်တွင် သိုင်းကြိုး ချည်နှောင်ကာ ရဟတ်ယာဉ်ပေါ်မှ ခုန်ချခဲ့သည်။

သမ္မတဟောင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဘုရှ်သည် အပြာ၊ အဖြူနှင့် အနီရောင်များ ပါရှိ သည့် လေထီးဖြင့် ခုန်ချခဲ့ခြင်းဖြစ်ပြီး မြေပြင်ပေါ်သို့ ချောမောစွာ ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘုရှ်သည် လွန်ခဲ့သည့် (၅)နှစ်က မွေးနေ့တွင်လည်း အလားတူ စွန့်စားမှုမျိုး ပြုလုပ်ခဲ့ပြီး အသက် (၉၀)ပြည့်ချိန်တွင်လည်း အမှတ်တရ လေထီးခုန်ဦးမည်ဟု ကြိုတင် ကတိပြုခဲ့ဖူးသည်။

ဘုရှ်၏ ဘဝတွင် ပထမဆုံးအကြိမ် လေထီးခုန်ဖူးသည်မှာ ဒုတိယ ကမ္ဘာစစ် အတွင်းကဖြစ်ပြီး ထိုစဉ်က ပစိဖိတ် သမုဒ္ဒရာထက်တွင် ၎င်း၏လေယာဉ် ပစ်ချခံရသဖြင့် လေထီးဖြင့် ခုန်ထွက်ခဲ့ရခြင်း ဖြစ်သည်။ ကြာသပတေးနေ့က လေထီးခုန်ခြင်းမှာမူ ၎င်း၏ ဘဝတွင် အဋ္ဌမအကြိမ်မြောက် ဖြစ်လာသည်။

“မိန်းမ အံ့ဩကျေနပ်စရာ နေ့လေးတစ်နေ့ကို ဖြတ်သန်းခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော် က လေထီးခုန်နိုင်လောက်အောင် ကျန်းမာရေး ကောင်းနေဆဲပါ”ဟု ဘုရှ်က Twitter တွင် ရေးသားခဲ့သည်။

7daydaily


မှတ်ချက်များ