မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဒုတိယမြောက် ပြိုင်ပွဲဝင်ရွေးထုတ် မည့် ပြိုင်ပွဲ၏ တစ်စိတ်တစ် ပိုင်း ဖြစ်သည့် မဲပေးသည့်အစီအစဉ် တွင် ဇွန်သံစဉ်က မဲအများဆုံးဖြင့် ဦးဆောင်နေသည်။
မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ ပြိုင်ပွဲတွင် မဲအများဆုံးရရှိ သူကို Miss Famous ဆု ပေးအပ် မည်ဖြစ်သလို ပြိုင်ပွဲအတွက် တစ် စိတ်တစ်ပိုင်း အရေးပါသော အစီ အစဉ်ဖြစ်သည်။
ဇွန်သံစဉ်က ၀က်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ်နှင့် SMS မဲပေးခြင်း များမှ ပေးပို့ထားသော မဲအရေ အတွက်စုစုပေါင်းနှစ်သောင်း
ကျော်ဖြင့် ပထမနေရာတွင် ရပ် တည်နေခြင်းဖြစ်သည်။
မဲပေးသည့် စနစ်အရ SMS မဲပေးရာတွင် မဲအကန့်အသတ် မရှိ ပေးပို့နိုင်သောကြောင့် မဲကွာဟ ချက်များ ပိုမိုမြင့်တက်လာပြီး ဇွန်လ ၁၉ရက်အထိ ဇွန်သံစဉ်ရရှိ ထားသည့် SMS မဲအရေအတွက် မှာ တစ်သောင်း ရှစ်ထောင်ကျော် ဖြစ်သည်။
SMS မဲပေးခြင်းကို အရေအ တွက် အကန့်အသတ်မရှိ ပေးပို့ သည့်စနစ်ကိုပရိသတ်အချို့က ဝေဖန်နေ ကြသော်လည်း အဆိုပါ ဆုရရှိခြင်းသည် Miss Universe Myanmar 2014 ဆုအတွက် သက်ရောက်မှု မရှိသောကြောင့် မဲပေးသည့်စနစ်ကို လက်ရှိအချိန် ထိ ပြင်ဆင်ရန် မရှိကြောင်း မယ် စကြ၀ဠာ (မြန်မာ) တာဝန်ရှိသူ တစ်ဦးကပြောသည်။
SMS မဲအရေအတွက် ကွာ ဟချက်ကြောင့် ဒုတိယနေရာနှင့် မဲအရေအတွက် ထက်ဝက်ကျော် ကွာဟလျက် ရှိပြီး ယွန်းမှီမှီကျော် မဲအရေအတွက် ကိုးထောင် ကျော်ဖြင့် ဒုတိယနေရာတွင် ရပ် တည်လျက်ရှိသည်။
တတိယနေရာတွင် ပိုးအိဖြူ စင်၊ စတုတ္ထနေရာတွင် သျှားထွဋ် အိနြေ္ဒာ၊ ပဉ္စမနေရာတွင် စုနန္ဒာ အောင်တို့က ရပ်တည်လျက်ရှိပြီး Voting ပေးသည့် မဲများကို Miss Universe Myanmar 2014 ပြိုင် ပွဲကျင်းပမည့် ဇူလိုင် ၂၆ ရက် နေ့ လယ် ၁၂ နာရီအထိ လက်ခံပေး သွားမည်ဖြစ်သည်။
အလှမယ်များအားလုံးက လည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာများ၊ Fan Page များမှ တစ်ဆင့် ပရိသတ် များ မဲပေးရန် တိုက်တွန်းထားကြသောကြောင့် ပရိသတ်သိသည့် အနုပညာရှင် များက မဲအရေအတွက်တွင် အား သာလျက်ရှိသည်။
ဇွဲဉာဏ် | 7daydaily

မှတ်ချက်များ