စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတဲ့ အချိန်မှာ ပျက်ကျခဲ့တဲ့ မကွေးလေတပ် စခန်းက MiG-29 UB လေ့ကျင့်ရေး တိုက်လေယာဉ်ကို မောင်းခဲ့တဲ့ လေသူရဲနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ် (လေ) က ချီးကျူး ဂုဏ်ပြုလိုက် ပါတယ်။
လေယာဉ် မတော်တဆမှုကို အချိန်မီထိန်းဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် လေ သူရဲတွေ ဟာ လေယာဉ်ပေါ်ကနေ ခုန်ထွက်ခဲ့ကြပါတယ်။ အဲလို အရေးပေါ် အခြေအနေမှာ အချိန်တိုအတွင်း မှန်ကန် တဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့ အတွက် ဂုဏ်ပြု မှတ်တမ်း တင်ရတာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
“ပျက်ကျတာက သူတို့အမှား မဟုတ်ဘူး။ လေယာဉ်စက် ချို့ယွင်းလို့ဖြစ်တာ” လို့ နိုင်ငံတော် သမ္မတရုံးက အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နင်းကြမ်းရွာအနီးမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စက်ချို့ယွင်း လို့ ပျက်ကျခဲ့တဲ့ အဲဒီတိုက်လေယာဉ်ကို မကွေးလေတပ်စခန်းက ဒုတိယ ဗိုလ်မှူးကြီး လှိုင်မြင့်နဲ့ ဗိုလ်ကြီး ကျော်ဇင်သန့်တို့ နှစ်ဦးက မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
the voice

မှတ်ချက်များ