မျက်မမြင်များ နိုင်ငံတကာအဆင့် ဟင်းချက်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲ


MCC ခမ်းမမှာ ပြုလုပ်တဲ့ Food & Hotel Myanmar 2014 ပြပွဲမှာ နိုင်ငံတကာ ဟင်းလျာတွေချက်ပြုတ်တဲ့ ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မျက်မမြင်တွေလည်း ဇွန် ၁၉ရက်နေ့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလို နိုင်ငံတကာ စားဖိုမှူးတွေနဲ့အချက် အချက်အပြုတ်ပြိုင်ပွဲဝင်ခဲ့တာ ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။

မျက်မမြင်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို အများပြည်သူတွေရှေ့ ချပြခဲ့သလို အနာဂတ်မှာလည်း မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်တာကြောင့် အကျိုးရှိပါတယ်လို့ ခရစ်ယာန် မျက်မမြင်များမိတ်သဟာယက ဦးသိန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံက မျက်မမြင် ၁၅ယောက်ဟာ ပြိုင်ပွဲမှာ တစ်နာရီအတွင်း နိုင်ငံတကာအဆင့်မီ ဟင်းလျာတစ်မျိုးစီကို ချက်ပြုတ်ခဲ့ပြီး မေလ ၁၇ရက်နေ့က မျက်မမြင်များ ဟင်းချက်ပြိုင်ပွဲပြီးရင် ဒါဟာ ဒုတိယအကြိမ် အများပြည်သူရှေ့မှောက် ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။

မျက်မမြင်ပေမယ့် အခြား သာမန်လူတွေလို တန်းတူ လုပ်ဆောင်နိုင်တာကို ကြိုးစားလုပ်ပြခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို အားပေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ဒေါ်ခင်ထွေးတင်က ပြောပါတယ်။



kamayutmedia

မှတ်ချက်များ