Ocean Super Center မှာ ဟင်းချက်ပြိုင်ပွဲ အမျိုးသားကို မခွဲခြားပါ


အသက် ၂ဝအထက် လုပ်ငန်းအတွေ့အကြုံမရှိတဲ့ ဟင်းချက်ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး ၃ယောက်ဟာ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံ၊ အေးအေးခိုင်တို့နဲ့ ရန်ကုန်မှာ ဇွန် ၂၁ရက်က ဟင်းချက်ပြိုင်ပွဲလုပ်ခဲ့ကြပါတယ်။ ဒီကနေ့ခေတ်မှာ ဟင်းချက်တာ ယောက်ျားမိန်းမ ခွဲခြားဖို့လိုသေးလို့လား။

Celebrity Cookout ဆိုတဲ့ အချက်အပြုတ်အစီအစဉ်ကို ၉မိုင် Ocean Center မှာ ကျင်းပခဲ့ပြီး ပထမဆုကို ငွေသားသုံးသိန်းနဲ့ နှစ်သိန်းတန် ဈေးဝယ်ခွင့်ကတ်ပြား၊ ဒုတိယဆုကို ဆုငွေ ၂သိန်းနဲ့ တစ်သိန်းတန် ဈေးဝယ်ခွင့်ကတ်ပြားတို့ ပေးမှာဖြစ်ပြီး ဖိုင်နယ်ကို နေပြည်တော်မှာ ပြိုင်ရမယ်လို့ ပြောပါတယ်.

အနုပညာအလုပ်တွေကနေ အားလပ်တဲ့အချိန်တိုင်း ကိုယ်တိုင်ချက်ပြုတ်လေ့ရှိတဲ့ တက္ကသိုလ်ဂွမ်းပုံက ရှုတင်ထမင်းဟင်းတွေက ဆိတွေများလို့ အိမ်ရောက်တိုင်း ကိုယ်တိုင်ချက်ပြုတ်တယ်လို့ ဆိုပါတယ်။

၉မိုင်နဲ့ ရွှေဂုံတိုင် Ocean က ပြိုင်ပွဲနှစ်ခုမှာ အနိုင်ရတဲ့ ၄ဖွဲ့ကို ဇွန် ၂၈မှာ နေပြည်တော် Ocean မှာ ပြိုင်ပွဲကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်မတွေဖြစ်တဲ့ အမျိုးသမီးတွေကသာ အချက်အပြုတ်လုပ်နေရတာမဟုတ်ဘဲ ယောက်ျားလေးတွေပါ ပါဝင်လာတယ်လို့ ဒိုင်လူကြီးက ပြောပါတယ်။



kamayutmedia

မှတ်ချက်များ