ရန်ကုန်တိုင်းထဲက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၉၅ မှာရှိတဲ့ ကျောင်းသား ၆သောင်းကျော်အ တွက် အလှူငွေနဲ့ ကျောင်းသုံးပစ္စည်းတွေကို လှူဒါန်းမှုကို ၂၂ရက်နေ့က ဆရာစံပလာဇာမှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီလို ရန်ပုံငွေ လှူဒါန်းမှုကို ဘာ့ကြောင့်လုပ်တာလဲ။
ဘ-က Edu ဝိုင်းလို့ကူဆိုတဲ့ အဖွဲ့က ဦးဆောင်ပြီး ၁၉ဝဝ ပြည့်လွန်နှစ်တွေကတည်းက မြန်မာ့ပညာရေးကို အဓိက အထောက်အကူပြုခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကို လူတွေအများစုက အာရုံစိုက်မှု ကျဆင်း လာနေတာကြောင့် အခုလို ဝင်ရောက်ကူညီတာလို့ ဆိုပါတယ်။
ဘုန်းတော်ကြီးသင် ပညာရေးဆိုတာ ဘာသာရေးတစ်ခုတည်းကို အခြေခံပြီး သင်တဲ့ကျောင်းမဟုတ်ဘဲ စာရေးစာဖတ်နဲ့ ကျင့်ဝတ်တွေကို သင်ကြားပေးတယ်ဆိုတာသိရင် ဘာသာပေါင်းစုံ ပါဝင်လာနိုင်ပြီး အနာ ဂတ်အတွက် ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီတာဟာ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးတာ မျိုးဖြစ်အောင် လှူကြစေချင်တယ်လို့ မယမင်းဖြိုးက ပြောပါတယ်။
ဆရာစံပလာဇာမှာ ပြုလုပ်တဲ့ ဘ-ကကျောင်းတွေအတွက် လှူဒါန်းမှုမှာ လှူဒါန်းတဲ့သူတွေ အဆင်ပြေစေ ဖို့ ကျောင်းသုံးပစ္စည်းတွေလှူချင်တဲ့သူတွေအတွက် ရောင်းချတဲ့ဆိုင်တွေလည်း ဖွင့်ထားပါတယ်။ ဒီဆိုင်တွေကနေ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ရွေးချယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
အကျိုးအမြတ်မကြည့်ဘဲ ကလေးငယ်တွေရဲ့ ပညာရေးအတွက် လှူဒါန်းခဲ့တဲ့ Impact ကုမ္ပဏီ က ဒေါ်ဥမ္မာသိန်းက Professional Marketers Association ရဲ့ အကူအညီတောင်းလို့ လှူဒါန်းခဲ့ တာဖြစ်ပြီး ကျောင်းသုံးစာအုပ်နဲ့ ကျောင်းဝတ်စုံတွေကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်။
ဘက ကျောင်းသားတွေအတွက် ကုမ္ပဏီ ၁၁ခုက ဆိုင်ခန်း ၁၁ခန်းဖွင့်ပြီး ကျောင်းသုံးပစ္စည်းတွေ ကို ပြသ ရောင်းချသလို လှူဒါန်းမှုတွေလည်း လုပ်ခဲ့ကြပါတယ်။
kamayutmedia

မှတ်ချက်များ