နယ်သာလန်နဲ့ အဖွင့်ပွဲစဉ်မှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အ တွက် သူ့မှာတာဝန်ရှိတဲ့အကြောင်း စပိန်အသင်းရဲ့ ၀ါရင့်ဂိုး သမား ကာစီလက်စ်က ပြောဆိုလိုက်ပါတယ်။ လိုအပ်တဲ့အ ဆင့်မီအောင် မကစားနိုင်ခဲ့ဘူးလို့ သူက ပြောပါတယ်။
အသက်၆၃နှစ်အရွယ် စပိန်နည်းပြ De Bosque ဒီဘော့စ်ခ် ကတော့ သူ့အသင်းသားတွေထဲက ဘယ်သူ့ကိုမှ အပြစ် တင်စရာမရှိဘူးလို့ ပြောပါတယ်။ ဒါဟာ အသင်းတသင်း လုံးရဲ့ အားနည်းချက်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီ ငါးဂိုး၁ဂိုး အရှုံးရလာဒ်ကြောင့် သူ့မှာ ဖျားချင်လောက်အောင် ခံစားရတယ်လို့ ပြောပါတယ်။ စပိန်အသင်းဟာ သြစတေးလျကို ၃ဂိုး၁ဂိုးနဲ့ အဖွင့်ပွဲအနိုင်ယူထားတဲ့ ချီလီအသင်းနဲ့ နောက်တပွဲမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တုန်းကလည်း ဆွစ်ဇာလန် အသင်းကို ရှုံးခဲ့ပေမယ့် နောက်ဆုံးအဆင့်ထိတက်ရောက်ခဲ့ပြီး နယ်သာလန်အသင်း ကို ချေမှုန်း အနိုင်ယူ ဗိုလ်စွဲခဲ့ပါ တယ်။
DVB
ပင်မ
/
၅ ဂိုး ၁ ဂိုးနှင့် ရှုံးနိမ့်ခဲ့တဲ့အတွက် သူ့မှာတာဝန်ရှိကြောင်း စပိန်ဝါရင့်ဂိုးသမား ကာစီလက်စ် ပြော

မှတ်ချက်များ