ဆော်ဒီအာရေးဗီယားနိုင်ငံမှာ မားစ်ရောဂါကြောင့် သေ ဆုံးသူ ၂၈၃ ယောက်အထိရှိသွားပြီလို့ ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုပါတယ်။
မားစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်တဲ့နေရာ မှာ နိုင်ငံတကာ သိပ္ပံပညာရှင်တွေက ဝေဖန်တာကို ခံနေရတဲ့ ကျန်းမာရေးဒုဝန်ကြီးကို ရာထူးကနေ ဖယ် ရှားပြီး နောက်တရက်မှာ နောက်ဆုံးအသေအပျောက် စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ စတင် တွေ့ရှိခဲ့တဲ့ မားစ်ရောဂါ ဖြစ်ပွားသူ ၆၈၉ ယောက် ရှိခဲ့တယ်လို့ အစိုးရက အတည်ပြုပါ တယ်။
အရင်က ရောဂါဖြစ်ပွားသူ ၅၇၃ ယောက်နဲ့ သေဆုံးသူ ၁၉၀ ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ကိန်းဂဏန်း ၂ ခု ကွဲလွဲနေတဲ့အကြောင်းအရင်းနဲ့ အသေးစိတ်ကို အစိုးရက မထုတ်ပြန်ပါဘူး။
ကျန်းမာရေးဒုဝန်ကြီး ဆာအိမမ်မစ်ကို ရာထူးကနေ ဖြုတ်လိုက်တဲ့ အကြောင်းရင်းကိုလည်း အစိုးရက သတင်းမထုတ်ပြန်ပါဘူး။
ဧပြီလလယ်တုန်းကလည်း မားစ်ရောဂါ ကူးစက်တဲ့နှုန်း မြင့်မားခဲ့တဲ့နောက်မှာ ကျန်းမာရေး ၀န်ကြီး အဗ္ဗဒူလာ အယ်လ်ရာဘီးအားကို ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။
မားစ်ရောဂါဟာ ဆားစ်ရောဂါလောက် ကူးစက်နှုန်း မမြန်ပေမယ့် သေပျောက်နှုန်းက ပိုပြီး မြင့်မားပြီး ဆင်တူပါတယ်။
၂၀၀၃ ခုနှစ်က အာရှဒေသမှာ လူထောင်နဲ့ချီပြီး ဆားစ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ် နှစ်လယ်လောက်မှာ သက်ကြီးပိုင်းမှာ မားစ်ရောဂါကို စတင်တွေ့ရှိခဲ့ရပြီး အရှေ့အလယ် ပိုင်းဒေသထဲက နိုင်ငံတွေ၊ အာရှနဲ့ အမေရိကန်ပြည်ထောင်စုအထိ ပျံ့နှံ့နေပါတယ်။
မားစ်ရောဂါ ခံစားရတဲ့လူနာဟာ အဆုတ်ရောဂါနဲ့ ကျောက်ကပ်ရောဂါ ခံစားရတဲ့ လက္ခဏာပြတယ်လို့ သိရပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ