အဖေများနေ့မှာ ဖခင်စောဘွဲ့မှူး အုတ်ဂူရှေ့ သီချင်းဆိုခဲ့တဲ့ မီးမီးခဲ
ဇွန်လ၁၅ရက်တွင် ကျရောက်သောအဖေများနေ့၌ ဖခင်ဂီတသမားကြီးဦးစောဘွဲ့မှူး အုတ်ဂူရှေ့တွင် ဖခင်အတွက်ရည်စူးကာ ကိုယ်တိုင်ရေးစပ်ထားသောသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သမီးဖြစ်သူ အဆိုတော် မီးမီးခဲကပြောသည်။
ဇွန်လ ၁၅ရက် နံနက်က မိ သားစုနှင့်အတူသွားရောက်ကာ ဖခင်အုတ်ဂူရှေ့တွင် မီးမီးခဲက ‘‘Daddy I Miss You’’ သီချင်းကို သီဆိုခဲ့သည်။ ဇွန်လ၁၅ရက်သည် တနင်္ဂနွေနေ့နှင့်တိုက်ဆိုင်သဖြင့် ဘုရားကျောင်းတွင် ထိုသီချင်းကို သီဆိုခဲ့ကြောင်းသိရသည်။
‘‘ဒီသီချင်းက အဖေ့အတွက် ရည်စူးပြီး ရေးထားတာကြာပါပြီ။ တစ်ခါမှ အုတ်ဂူရှေ့မှာသွားမဆိုဖူးတော့ မိသားစုနဲ့အတူအမှတ်တရဖြစ်အောင်သွားဆိုတယ်။ အဖေအနားမှာ မရှိတော့တာ ၀မ်းနည်းပေမယ့် သူ့သမီးတစ်ယောက်အနေနဲ့ ခံစားသက်ဝင်ပြီး ဆိုပေးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အစ်မ ဆိုပြတော့လည်း မိသားစုနဲ့ အမေပါ မျက်ရည်ဝဲကြတယ်။ မနက်တုန်းကလည်း ဘုရားကျောင်းမှာလည်း သွားဆိုတယ်။ အားလုံးက၀မ်းနည်းကြတယ်။ ဒီသီချင်းလေးကို ကြားတော့ နှလုံးသားထဲမှာထိတယ်’’ဟု မီးမီးခဲကပြောသည်။
မီးမီးခဲ၏ Misscall အယ်လ်ဘမ်ဗီစီဒီအတွက် သီချင်းများရိုက်ကူးထားကာ အမြန်ဆုံးထွက်ရှိနိုင်အောင် ပြင် ဆင်နေပြီး ကိုယ်တိုင်ရေး၊ဆိုကာ အခွေသစ်များလည်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
7day

မှတ်ချက်များ