![]() |
| ရေးနိုးစ်အထက်တန်းကျောင်းမှ ကျောင်းသားများနှင့်မိဘများ ကားပါကင်တွင် ပြန်လည်တွေ့ဆုံကြစဉ် (Beth Nakamura/ The Oregonian) |
အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ပေါ့ထ်လန်းမြို့အနီးရှိ အထက်တန်းကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး ကျောင်းသားတစ်ဦးနှင့် သေနတ်သမားတို့သေဆုံးခဲ့သည်ဟု အမေရိကန် ရဲတပ်ဖွဲ့ကပြောသည်။
ထရောက်ဒေးလ်မြို့ ရေးနိုးစ်အထက်တန်းကျောင်း၌ ဇွန် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ပစ်ခတ်မှု များဖြစ်ပွားခဲ့သည်ဟု Multnomahစီရင်စုငြိမ်ဝပ်ပိပြားရေးအရာရှိရုံးကပြောသည်။ ကျောင်းထဲမှ ကျောင်း သားများလက်မြှောက်၍ ထွက်ခွာလာသည်ကိုရုပ်သံများကရိုက်ကူးဖော်ပြခဲ့ပြီး အခင်းဖြစ်ပွားချိန် တွင် ကျောင်းသားများသည် ၎င်းတို့၏မိဘများအား ဖုန်းဖြင့်စာများရေးသား ၍ ဆက်သွယ်ခဲ့သည် ဟု အေပီသတင်းကဖော်ပြသည်။
ယခုမူ ရေးနိုးစ်ကျောင်းတွင်းအခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ပြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သောကျောင်း သားမှာ အသက် (၁၄)နှစ်အရွယ် Emilio Hoffman ဆိုသူဖြစ်ကြောင်းထရောက်ဒေးလ်မြို့ရဲတပ်ဖွဲ့အ ကြီးအကဲကအတည်ပြုပြောကြားသည်။ သေနတ်သမားသေဆုံးရသည့်အကြောင်းရင်းကိုမူ အတိအကျမ သိရသေးပေ။
ပြီးခဲ့သည့်သီတင်းပတ်သုံးပတ်အတွင်း အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှုပေါင်းလေးမှုဖြစ်ပွားခဲ့ပြီး သေနတ် သမားများအပါအဝင်လူ ၁၅ ဦးသေဆုံးခဲ့သည်။
7daydail

မှတ်ချက်များ