အမျိုးသားစာကြည့်တိုက်မှ အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်မည်

စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသူများအတွက် အခြေခံစာကြည့်တိုက်ပညာသင် တန်းကို ဇွန်လ ၂၃ ရက်တွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၌ပထမဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

‘‘စာကြည့်တိုက်ပညာ ပြန့် ပွားဖို့ အဓိကပါ။ ကျွန်မတို့ရဲ့ စာ ကြည့်တိုက်မှာ ဘာတွေလုပ်နေ ရသလဲ။ စာကြည့်တိုက် ပညာနဲ့ ပတ်သက်ပြီးတော့ သိချင်တဲ့အ ကြောင်းတွေကို အချိန်မရွေး ပြောပြပေးတယ် ဆိုတော့ ခုသင်တန်းဖွင့်လိုက်တော့ တခြားဆရာ၊ ဆရာမတွေလည်း လာပြီးတော့ သင်ပေးနိုင် မယ်။ နောက်ထပ်မွမ်းမံသင်တန်းတွေလည်း ထပ်ဖွင့်ဖို့ အစီအစဉ်ရှိပါတယ်’’ ဟု အမျိုးသားစာကြည့် တိုက်(ရန်ကုန် )ညွှန်ကြားရေးမှူးချုပ် ဒေါ်မြဦးက ပြောသည်။

အခြေခံစာကြည့် တိုက်ပညာသင်တန်းကို ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၂၃ ရက်အထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိ သင်ကြားပေးသွား မည် ဖြစ်သည်။

သင်တန်းတက်ရောက်လို သူများအနေဖြင့် အမျိုးသားစာ ကြည့်တိုက်သို့ လာရောက်၍ လျှောက်လွှာတွင် အမည်၊ မွေး သက္ကရာဇ်၊ အမျိုးသားစိစစ်ရေး ကတ်ပြား မိတ္တူ၊ ပညာအရည် အချင်း၊ အလုပ်အကိုင်၊ နေရပ် လိပ်စာတို့ကို ဖြည့်စွက်၍ လာရောက်လျှောက်ထားနိုင်သည်။

အဆိုပါ သင်တန်းတွင် အခြေခံစာကြည့်တိုက် ပညာရပ် လေးမျိုးအပြင် လူထုအခြေပြု စာကြည့်တိုက် လှုပ်ရှားမှုများ၊ ကျောင်းစာကြည့်တိုက် တည် ထောင်ခြင်း၊ လူမှုရေးကွန်ရက် တည်ဆောက်ခြင်းစသည့် အများ ပြည်သူအတွက် စာကြည့်တိုက် အကျိုးပြုနည်းလမ်းများအကြောင်းကို သင်ကြားပေးမည်ဖြစ် ပြီး ဟောပြောပွဲများနှင့် စာကြည့် တိုက် လေ့လာရေးများလည်း ပါဝင်မည်ဖြစ်သည်။

နေပြည်တော်နှင့် အနီးတ ၀ိုက်မှ စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသူများအား မေလ ၂ ရက်တွင် အမျိုးသားစာကြည့် တိုက်(နေပြည်တော်)၌ အခြေခံ စာကြည့်တိုက် ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး ခဲ့ပြီး ယခုအခါတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တွင် ပထမဆုံးအကြိမ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာကြည့်တိုက်ပညာကို စိတ်ပါဝင်စားသူများသည် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) (တယ်လီဖုန်း -၀၁ ၆၆၃၉၀၂)၊ ဒေါ်ရီရီထွေး (ဒုညွှန်မှူး) ၀၉-၂၅၄၃၇၄၆၉၄ သို့ ဆက်သွယ်၍ အမည်စာရင်း ပေးပို့နိုင်သည်။

7daydaily

မှတ်ချက်များ