ရွှေသံလွင်ကုမ္ပဏီကို ဘဏ်လုပ်ငန်း ခွင့်ပြုရန် အစိုးရစီစဉ်နေ

စကိုင်းနက်ရုပ်သံထုတ် လွှင့်ပြသနေသော ရွှေ သံလွင် ကုမ္ပဏီကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပေး ရန် နိုင်ငံတော်အကြီး အကဲများက ညွှန်ကြားထား သဖြင့် ဗဟိုဘဏ်က လုပ်ထုံးလုပ်နည်းများ စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဗဟိုဘဏ် အနေနဲ့တော့ ခွင့်မပြုရသေးဘူး။ လုပ်ငန်းစဉ် တွေလုပ်နေတုန်းပဲရှိသေးတယ်’’ ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ် ဦးက ရွှေသံလွင် ကုမ္ပဏီကဘဏ် လုပ်ငန်းလုပ်ခွင့်ရရန် လျှောက် ထားမှုကို စိစစ်နေခြင်းနှင့် ပတ်သက်၍ပြောသည်။

အစိုးရတာဝန်ရှိသူများ အနေဖြင့် ရွှေသံလွင်ကုမ္ပဏီအား မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်အမည်ဖြင့် လုပ်ကိုင်ခွင့်ပေးရန်စီစဉ်ထားကြောင်း သတင်းရရှိ သည်။ ထို့အပြင် ယခင်ခွင့်ပြုခဲ့ သော ပုဂ္ဂလိက လုပ်ငန်းရှင်များ အား ဘဏ်ဖွင့်လှစ်ရာတွင် ကျပ် ငွေ ၂၀ ဘီလီယံသတ်မှတ်ထား သော်လည်း အဆိုပါ ဘဏ်အသစ်ကို ကျပ်ငွေ ၁၀ ဘီလီယံဖြင့် လည်ပတ်ခွင့်ပြုရန်သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ရွှေသံလွင်ကုမ္ပဏီမှ ပြော ရေးဆိုခွင့်ရှိ အထွေထွေမန်နေဂျာ သို့ ဘဏ်ဖွင့်ခွင့်နှင့် ပတ်သက်၍ 7 Day News က မေးမြန်းဆက် သွယ်သော်လည်း ဖုန်းပိတ်ထား သဖြင့် ဆက်သွယ်၍မရပေ။

‘‘ဘဏ်လုပ်ငန်းက အကျိုး အမြတ်ရှိတော့ လုပ်ငန်းရှင်တိုင်း လုပ်ချင်ကြတယ်’’ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

သမ္မတဦးသိန်းစိန်ဦးဆောင် သော အစိုးရ လက်ထက်တွင် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့်အသေးစား၊ အလတ်စား ငွေရေးကြေးရေးဘဏ်နှစ်ခုကို ဖွင့်လှစ်ခွင့်ပြုထားသည်။

ပြည်တွင်း၌ ဘဏ်များပြား လာပါက ငွေအရင်းနည်းပြီး နိုင်ငံခြားဘဏ်များကို ယှဉ်ပြိုင်ရန်ခက်ခဲ မည်ကိုစိုးရိမ်ရသည်။ အချို့နိုင်ငံများမှ ဘဏ်များသည် နိုင်ငံ ခြားဘဏ်များကို ယှဉ်ပြိုင်ရန်စုပေါင်း လုပ်ကိုင်ကြကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်ခွဲတစ်ခု၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်း ၁၀၀ သာရှိပြီး နိုင် ငံခြားဘဏ်ခွဲအသေး လေးများပင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၁၀၀၀ ကြားအနည်း ဆုံးရှိသည်။

‘‘ဒီမှာက ဗမာထုံးစံအတိုင်း ပေါင်းလုပ်ဖို့စိတ်မကူးဘူး။ အား လုံးက ဆရာတွေပဲ။ ဆရာများ တော့ သားသေတာပေါ့’’ ဟု ဦး သန်းလွင်ကပြောကြားသည်။

ထို့အပြင် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း လုပ်ကိုင်နေသူများကိုလည်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို နိုင်ငံတော် သမ္မတက နှုတ်မိန့်ဖြင့်ခွင့်ပြုထား ပြီး လုပ်ထုံးလုပ်နည်းများဆောင် ရွက်နေကြောင်းသတင်းရရှိသည်။

တပ်မတော်အစိုးရ လက် ထက်တွင် နိုင်ငံကျော်စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သော ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးချစ်ခိုင်နှင့် ဦးနေအောင်တို့အား ဘဏ်လုပ်ကိုင်ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံ ငွေရေးကြေး ရေး အဖွဲ့အစည်း ဥပဒေဟောင်းအရဥက္ကဋ္ဌသည် ဘဏ်၏တာဝန် များကိုအ ချိန်ပြည့်ထမ်းဆောင်ရ မည့်အပြင် အခကြေးငွေရရှိသော အခြားမည်သည့် လုပ်ငန်းကိုမျှ ဆောင် ရွက်ခွင့်မပြုဟုပါရှိသည်။

လက်ရှိ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်နိုင်ရန် ဗဟိုဘဏ်ဆောင်ရွက်နေမှုမှာလည်း ၎င်းဥပဒေအ ရဖြစ်ကြောင်း နိုင်ငံခြားဘဏ်များစိစစ်ရွေးချယ်ရေး အဖွဲ့အတွင်း ရေးမှူး ဒေါ်မေတိုးဝင်းက ပြောသည်။

7daydaily

မှတ်ချက်များ