မြန်မာစပါးကြီးမြွေ က အီဂျစ်က သံမဏိလူသားကို အနိုင်ရ


ဇွန်လ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က Mata Eland International Stadum ကြီးမှာ ကျင်းပတဲ့ One Fighting Championship ရဲ့ Middle Weight တန်း လက်ဝှေ့ ထိုးသတ်ပွဲမှာ မြန်မာနိုင်ငံ က ကချင် တိုင်းရင်းသား Aung La N Sang က အီဂျစ်နိုင်ငံက စစ်ပြန် သံမဏိလူသား Mahmoud Salama ကို ပထမ အချီမှာပဲ အဆက်မပြတ် လက်သီးထိုးချက်တွေနဲ့ အနိုင်ရလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဘော်စတွန်မှာ အခြေစိုက်တဲ့ မြန်မာ လက်ဝှေ့ကျော် Aung La N Sang ကို မြန်မာ့စပါးကြီးမြွေရယ်လို့ လူသိများပါတယ်။

သူဟာ မြန်မာနိုင်ငံကနေ အမေရိကန်ကို ပညာ သွားရောက် သင်ယူဖို့ ထွက်ခွာသွားခဲ့သူဖြစ်ပေမယ့် အမေရိကန် ရောက်တဲ့ အခါ သူ့ဘဝဟာ လက်ဝှေ့သမားအဖြစ် ပြောင်းလဲသွားခဲ့ပြီး နာမည်ကြီးလာသူပါ။

သူ ဘယ်လို အနိုင်ယူထိုးသတ်လိုက်တာလဲ ဆိုတာ ဧရာဝတီ ပရိသတ်များ ကြည့်နိုင်ပါပြီ။

အိမ့်သံစဉ်

မှတ်ချက်များ