ပဲလင်းမြွေသီး /ဗုံလုံသီး ပုစွန်အစာသွပ် ...... (မြွီမြိုသီး ပုစွန်အစာသွပ်)



ပဲလင်းမြွေသီး အပေါ်ယံအကာလေးကို ဖွဖွခြစ်ပေးပါ။

ပြီးရင်ရေဆေးပြီး အနေတော်အရွယ်လေးတွေ လှီးပေးပါ။

အထဲက အူ အနှစ်လေးတွေ ဖယ်ထုတ်လိုက်ပါ။

ပုစွန်ကို သေချာဆေးပြီး အခွံခွါပေးပါ။

ပြီးရင်တော့ နှုတ်နှုတ်စဉ်းပေးပြီး ကြက်သွန်နီနှုတ်နှုတ်စဉ်းထားတာလေးနဲ့ ရောနယ်ပေးပါ။

အရသာမှုန့် အနည်းငယ်နဲ့ ငါးငံပြာရည်အကြည် ၊ ဆနွင်းမှုန့် အနည်းငယ် ထည့်နယ်ပေးပါ။

စပ်စပ်လေးစာချင်ရင် ငရုတ်မှုန့်အနည်းငယ် ထည့်နယ်ပေးလို့ ရပါတယ်။

ဒီနေရာမှာ တစ်ခုရှိတာက ဝက်သား ကြက်သားဆိုရင်တော့ အသားစဉ်းကောကို အရင်ချက်ပေးရမှာပါ။

ပြီးရင်တော့ အတုံးလေးတွေတုံးထားတဲ့ ပဲလင်းမြွေသီးထဲကို အစာသွပ်ပေးရမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ / နီ ၊ ဆနွင်းမှုန့်နည်းနည်းနဲ့ ထောင်းထားပါ။

ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပေးပါ။

အစပ်လေးစားချင်ရင် ငရုတ်သီးအနှစ် နည်းနည်း ထည့်ချက်ပေးပါ။

ပဲငပိအနှစ်နည်းနည်း ထည့်မွှေပေးပါ။

အငွေ့လုံတဲ့ အိုးလေးဆို ပိုကောင်းပါတယ်။

ဆီသတ်ပြီးရင် အစာသွပ်ပြီးလို့ ပိုနေတဲ့ ပုစွန်လေးတွေပါ ထည့်မွှေပေးလိုက်ပါ။

အစာသွပ်ထားတဲ့ ဗုံလုံသီးလေးကို ထည့်ပေးပြီး ဖြည်းဖြည်းချင်း မွှေပေးပါ။

အချိုအငန် ကြိုက်သလိုထည့်ပြီး ရေနည်းနည်း ထည့်ပေးပါ (တကယ့်နည်းနည်း) ပြီးရင်တော့ အဖုံးလေးအုပ်ပေးလိုက်ပါ။

မီးကို လျှော့ပေးပါ ၊ အငွေ့လေးနဲ့ နူးအိပါစေ၊ နူးလောက်ပြီဆိုရင် တပြန်ပြန်ပေးပါ။

အဖုံးပြန်ဖုံးပေးပါ။ နူးအိပြီး မွှေးမွှေးလေးနဲ့ ဆီကျန်လေးဖြစ်ရင် စားသုံးဖို့ အသင့်ဖြစ်ပါပြီ။


အစားအစာကမ္ဘာ

မှတ်ချက်များ