ငါးကလေး ချဉ် ငံ စပ် ရခိုင်ဟင်း (ငလုံးချေ ငရုတ်ချက်)
ဒီနည်းက ရိုးပါတယ်။ ဒါပေမယ့် ဆီသိပ်မပါဘဲ ချဉ် ငံ စပ်လေးက ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။
အရိုးပါစားနိုင်တဲ့ ငါးကလေး (ဆူးသိပ်မပါတဲ့)ကို သေချာဆေးပေးပါ။
ကြက်သွန်နီ/ဖြူကို ဆနွင်းမှုန့်လေးထည့်ပြီး ထောင်းပေးပါ။
ငရုတ်သီးလေးကို မိမိနှစ်သက်သလောက် အခြမ်းလေးတွေ စိတ်ပေးထားပါ။
ချက်မယ့်အိုးထဲကို ငါးကလေး ၊ ထောင်းထားတဲ့ ကြက်သွန်နှစ် ၊ ငရုတ်သီးခြမ်းလေးတွေ နဲ့ ဆီပါတယ်ဆိုရုံလောက်ထည့်ပေး ရေလိုသလောက်လေးထည့် အဖုံးလေးဖုံးပြီး ချက်ပေးပါ။
အရသာမှုန့် နဲ့ ဆားကို မိမိကြိုက်သလောက်ထည့်ပေးပါ။
ရေဆူလာပြီး ငါးလေးပါကျက်ပြီဆိုရင်တော့ မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ။
အရသာ ချဉ် ငံ စပ် မိမိအကြိုက်ဖြစ်ပြီဆိုရင် နံနံပင်လေး အုပ်ပေးပါ။
အနံ့ အရသာနဲ့ ပြည့်စုံပြီး ဆီသိပ်မပါတဲ့တာကြောင့် ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အရိုးပါစားနိုင်တဲ့ ငါးကလေး ချဉ် ငံ စပ် ဟင်းကို ရပါပြီ။
အစားအစာကမ္ဘာ

မှတ်ချက်များ