လူပျိုကြီး ဂျီလတ် မင်္ဂလာဆောင်ပြီ


လူပျိုကြီးစာရင်းဝင်နေတဲ့ အဆိုတော် ဂျီလတ်တစ်ယောက် ဇွန် ၂၁ရက်နေ့က ကန်တော်ကြီး Western Park မှာ မင်္ဂလာဆောင်လိုက်ပါပြီ။ သတို့သမီး မမီမီစိုးနဲ့ ရွှေလက်တွဲ ဂဟေဆက်ခဲ့တဲ့ အခမ်းအနားကို လုပ်ဖော် ကိုင်ဖက်တွေ အများကြီးပဲ အားပေးချီးမြှင့်ခဲ့ကြပါတယ်။

ဒီနေ့ဟာ သူ့ဘဝအတွက် အလုပ်အရှုပ်ဆုံးဖြစ်ပြီး တာဝန်ယူရတာတွေများတာကြောင့် ပရိသတ်ကို ဘာပြော ရမှန်းမသိဖြစ်နေ တယ်လို့ ဂျီလတ်က ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂီတအနုပညာလမ်းကြောင်းကိုတော့ ပုံမှန်ပဲ ဆက်လုပ်သွားမှာပါလို့ ဆိုပါတယ်။

အဆိုတော် သျှီ၊ အနဂ္ဂ၊ သံသာဝင်း၊ ရေမွန်၊ ဟဲလေး၊ အရိုး၊ စတဲ့ အနုပညာလောကက သူငယ်ချင်းတွေ တက်ရောက်ခဲ့သလို ပူစူးနဲ့ ချစ်စနိုးဦးတို့က သီချင်းနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ ဂျီလတ်နဲ့ လွန်ခဲ့တဲ့ ၁၄နှစ်က တည်းက ခင်မင်ခဲ့တဲ့ အဆိုတော် ဟဲလေးက ဂျီလတ်ဟာ သူ့လိုပဲ အချစ်ကို ကိုးကွယ်သူဖြစ်တယ်လို့ ပြောပြီး သူငယ်ချင်းအကြောင်း အခုလို ဖောက်သည်ချပြီး ဆုတောင်းပေးခဲ့ပါတယ်။

မင်္ဂလာလက်စွပ် စီစဉ်ပေးတဲ့ Guardian Entertainment က ကိုဖိုးသားက အမှတ်တရစကား ပြောဆိုခဲ့ပြီး အိုအောင်မင်းအောင် ပေါင်းကြပါစေလို့ ဆုတောင်းခဲ့ပါတယ်။



kamayutmedia

မှတ်ချက်များ