မကွေးတွင် သားအဖခိုက်ရန်ဖြစ်ပွားရာမှ ဘာသာရေးအသွင်းဆောင် အဓိကရုဏ်းဖြစ်ပွား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စုတွင် ဘာသာခြားအမျိုးသမီးတစ်ဦး ၏ ယောကျာင်္းဖြစ်သူဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် ယင်း၏သား အရင်းဖြစ်သူ(အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူ) တို့ နှစ်ဦးဘာ သာရေးကိစ္စအငြင်းပွားပြီး ခိုက်ရန်ဖြစ်ပွားမှ ဘာသာရေအ သွင်ဆောင်သော အဓိကရုဏ်းတစ်ခုအဆိုပါကျေးရွာအုပ်စု အေး တန်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် စတင်ဖြစ်ပွားကြောင်း မွတ်စလင်ဘာသာဝင်တစ်ဦးဖြစ်သူ ဦးဇာကရီယာဘိုင်က ဇွန်လ၁၇ ရက်နေ့ တွင် ပြောကြားသည်။

“အခုတော့ပြီးသွားပါပြီ၊ ဖြစ်တဲ့ကလေးရဲ့အမေက မွတ်စလင်ဘာသာဝင်ပါ၊ သူတို့မှာသားသုံးယောက်ရှိ ပါတယ်၊ နှစ်ယောက်ကတော့ မွတ်စလင်ဘာသာကိုး ကွယ်ပါတယ်၊တစ်ယောက်ကတော့ အတိအကျမဖြစ်သေးပါဘူး၊ အဲ့ဒီကလေးနဲ့ သူတို့အဖေ အရင်းဖြစ်သူဗုဒ္ဓဘာသာကိုးကွယ်သူနဲ့ ဘာသာရေး အကြောင်း အငြင်းအခုံဖြစ်ပြီး ရန်ဖြစ်ကြ ပါတယ်၊ဒါကို ကျေးရွာအုပ်စုက တချို့လူတွေက တမျိုးမြင် ပြီးဒီ လိုအဓိကရုဏ်းဖြစ်သွားရတာပါ” ဟု ယင်းကပြောဆိုသည်။

“ရန်ဖြစ်ပြီး အများသုံးဓမ္မာရုံးရှေ့ရှိ ရေအိုးစင်မှ ရေအိုးကိုရိုက်ခွဲခဲ့ပါတယ်၊ ဒါ့ပြင် ဘာသာရေးစု ရုံးလုပ်နေတဲ့ အိမ်တစ်လုံးကိုအဓိက ဖျက်ဆီးခဲ့ပါတယ်၊ အဲဒီအိမ်ထဲမှာ ဗလီလို့ယူဆရတဲ့ ပစ္စည်းတွေနဲ့ဓာတ်ဆီများ စွာ တွေ့ရှိခဲ့ပါတယ်” ဟု ယင်းဒေသခံ ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။

ထိုအဖြစ်အပျက်များကြောင့် ပွင့်ဖြူမြို့နှင့်နီးစပ်သော မြို့နယ်များတွင်လုံခြုံရေးတင်းကြပ်ထားကြောင်း လည်း သိရသည်။ အဖြစ်အပျက်အားလုံးကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ ရာ ဖုန်းကိုင်သော်လည်း ပြန်လည်းမဖြေကြားခဲ့ပေ။

အဆိုပါဒေသသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် ဆင်ဖြူကျွန်းမြို့မှ အမျိုးသမီးငယ်တစ်ဦးကို ဘာသာခြား သုံးဦးကကာမရယူခဲ့ပြီး ကားပေါ်မှကန်ချထားမှုဖြစ်ပွားခဲ့သောကြောင့် ဘာသာရေးအဓိကရုဏ်းဖြစ် ပွားပြီး နောက်ပိုင်းတွင် ဒေသခံပြည်သူများအနေဖြင့် ယင်းဒေသတွင် ဘာသာခြားအဆောက်အဦးများကို ဆက်လက်ဆောက်လုပ်ခွင့်မပေးဘဲ စောင့်ကြည့်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းအချက်အလက် များအရ သိရသည်။

စောကျော်ဝင်း | News Watch

မှတ်ချက်များ