ကမ္ဘာ့ဖလား နဲ့ ဗေဒ ခန့်မှန်းချက်
သြစတေးလျ – နယ်သာလန် - ည ၁၀ ခွဲ၊
စပိန် – ချီလီ – မနက် ၁ ခွဲ
ကင်မရွန်း – ခရိုအေးရှား - မနက် ၄ ခွဲ။
ဒီပွဲတွေမှာ ဘယ်အသင်းနိုင်မယ်၊ သရေကျဖွယ်ရှိတယ် စသဖြင့် အမျိုးမျိုး သုံးသပ်နေကြတဲ့ထဲကမှ ဗေဒ ခန့်မှန်းချက် တချို့လည်း ရှိနေပါတယ်။
ဒီနေ့ထုတ် စံတော်ချိန် သတင်းစာထဲမှာ ဆရာဇေယျာမိုး(ဝေဒဗိမာန်) တွက်ပြထားတာကို ကောက်နုတ်ဖော်ပြရမယ် ဆိုရင်
သြစတေးလျ – နယ်သာလန်
နယ်သာလန်အသင်း “အနိုင်ရဖို့ အလေးသာနေပါတယ်”
စပိန် – ချီလီ
စပိန်အသင်းက “အနိုင်ရဖို့ သေချာနေပါတယ်”
ကင်မရွန်း – ခရိုအေးရှား
ကင်မရွန်းအသင်းက “အနိုင်ယူသွားမှာပါ”
နက္ခတ္တဗေဒပညာရပ်အားဖြင့် လည်းကောင်း၊ ကောဇာဂြိုဟ်အားဖြင့် လည်းကောင်း သုတေသန ပြုထားသမျှ တွက်ချက် ဟောပြောခြင်း ဖြစ်တယ်လို့ ဆရာက ရေးပါတယ်။

မှတ်ချက်များ