ကိုလံဘီယာနိုင်ငံက ကျေးရွာလေး တရွာမှာတော့ ကမ္ဘာ့ဖလားကို စိတ်ဝင်စားရူးသွပ်ကြ တဲ့သူတွေ ပြုလုပ် တဲ့ စိတ်ဝင်စားစရာ သိုးကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ အလိုက်သင်းတွေရဲ့ အင်္ကျီအရောင်ကို သိုးတွေကို ဝတ်ဆင်စေပြီး ယှဉ်ပြိုင်ကြပါတယ်။
ဇွန်လ ၁ ရက်နေ့ စတင်ယှဉ်ပြိုင်တဲ့ သိုးကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဘရာဇီးအသင်းနဲ့ သူတို့ ကိုလံလီယာအ သင်းကို ယှဉ်ပြိုင်စေခဲ့တာပါ။
သိုးပိုင်ရှင်တဦးကတော့ အခုလို ပြုလုပ်ပေးတာဟာ သူတို့နိုင်ငံ အသင်းအတွက် အားပေးဂုဏ်ယူတဲ့ သဘောလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအပျော်တမ်းယှဉ်ပြိုင်မှုမှာ ကိုလံဘီယာအသင်းက ဘရာဇီးအသင်းကို တဂိုးသွင်းပြီး အနိုင်ရခဲ့ပေမယ့် သိုးတွေကတော့ ဘောလုံးကန်ဖို့ထက် သူတို့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ မြတ်တွေကိုသာ စားဖို့ စိတ်ဝင် စားခဲ့တယ်လို့ ပွဲလာရောက်ကြည့်ရှုသူတွေက ပြောဆို ကြပါတယ်။
ဒီဗွီဘီ

မှတ်ချက်များ