ဟုတ်တယ် ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး
ထောင်သီချင်းကို ငါတို့ သံပြိုင်သီဆိုကြတယ်
“သူတို့ ထောင်တစ်ခုဆောက်ဖို့ ကြိုးစားကြ။ သူတို့ ထောင်တစ်ခုဆောက်ဖို့ ကြိုးစားကြ”
မင့်နဲ့ငါ့ဖို့ပေါ့
ကြိုတင်တွေးဆမှုကြောင့် သေကောင်ပေါင်းလဲ ဖြစ်နေကြသလို
မူးယစ်မှုကနေ အသက်ရှူကြပ်တဲ့အထိ ဖြစ်ကြရပြီ
အဟောသိကံဖြစ်လောက်အောင် ပေါလွန်းလို့ ချိုပေါ်ကို သစ်သီးဝလံတွေ တင်ချိတ်ဆွဲထားတဲ့
ကားလိုဟွန်းတီးတတ်တဲ့ လျင်မြန်တဲ့ဒရယ်ဟာ ဟွန်းတီးနေတယ်
ငါတို့ဟာ လေ၊ သစ်ပင်၊ ရေ နဲ့ တိရစ္ဆာန်တွေဖြစ်တယ် All The Way Alive လည်းဖြစ်တယ်
မင်းဆိုးမင်းညစ်ရဲ့ ကျေးဇူးဥပသကာရ ရှိနေခြင်းဟာ
ကောင်းမြတ်ခြင်းလို့ ဟန်ဆောင်ထားတဲ့ အိပ်မွေ့ချတတ်တဲ့ ကွန်ပျူတာတွေ ရှေ့ကိုချီတက်လာ
ဒူးထောက်ထားတဲ့နှင်းဆီတွေကလည်း မောရှေရဲ့ ခံတွင်းခြောက်ကပ်ကပ်ထဲသို့ တစ်စတစ်စ
ပျောက်ကွယ်သွားပြီ
ဘာကြောင့် သမ္မတတွေ စစ်မတိုက်ကြတာလဲ
ဘာကြောင့် သူတို့တွေ ဆင်းရဲသားတွေပဲ ပို့လိုက်တာလဲ
နတ်သမီးလေးတွေ ကိုယ့်ကိုယ်ကိုသတ်သေဖို့ပဲ ထိုက်တန်တော့တဲ့အခါ ငါဟာ ငိုတယ်
လက်ချောင်းသုံးချောင်းနဲ့ထိုးပြီး အရှက်ကိုအသတ်နဲ့လဲလိုက်မယ် ဟာရာကီရီ
မင်းဟာ ငါ့ရဲ့အူသာဆိုရင် ငါ့ရဲ့အရှက်နဲ့ မင်းရဲ့အသက်
သူမရဲ့ဖင်ကိုကယ်ခိုင်းဖို့ ငါဟာ တစ်ယောက်ယောက်လိုနေတယ်
သူမဟာ ဟီးရိုးအင်းတွေဝယ်ဖို့ ဖင်ကိုမှ ရောင်းရက်ခဲ့လေတယ်
ငါတို့ ထုံးစံအတိုင်းမဟုတ်တော့ဘူး၊ ဆန်းကြယ်နေပြီလို့ မင်းမထင်ဘူးလား
သူဘာလို့ဆန္ဒပြလဲဆိုတာ မသိကြရင်း ငါတို့ သူ့ကို(ကမ္ဘာကြီးကို)မုဒိန်းကျင့်ခဲ့တယ်
သူဘာလို့ငိုတယ်ဆိုတာ မသိကြရင်း ငါတို့ သူ့ကို(ကမ္ဘာကြီးကို)တက်ချခဲ့တယ်
ဘဝဆိုတာ ရေတံခွန်တစ်ခုပါပဲ
ဝမ်းနည်းတဲ့ကိုယ်နေဟန်ထားနဲ့ ခြောက်လုံးပြူး
ပြီးတော့ လူတွေရဲ့ဆန္ဒသဘာဝ၊ အလားအလာ၊ စရိုက်
ဘီသိုဗင်ရဲ့ မလိင်အင်္ဂါတွေ
ဒါတွေက ငါတို့ကို စိတ်ညှို့နေတာ ဘေဘီ
ရွေးကောက်ပွဲမှာ အသေကောင်တွေကိုသာ တင်မြှောက်လိုက်ကြ
ပြန်လည်တည်ဆောက်ထားတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေရှိမယ်
သခင်ကြီးကို ချီးမြှောက်တော်မူပြီး ဗုံးလက်နက်တွေ ချပေးလိုက်ပါတော့မယ်
Down တစ်ခုရဲ့ သားကောင်တွေဟာ နောက်တော့လည်း Down တစ်ခုရဲ့ စနစ်ဖြစ်လာ
စနစ်ကို တက်ချဖို့တော့ လိုနေပြီ
အတ္တဦးနှောက်ထဲမှာ ငွေရှိရင် အားလုံးဖြစ်တယ်
မင့်ငွေတွေ သိမ်းထား မင့်ငွေတွေ ဖွက်ထား
မင့်ငွေတွေ ကမန်းကတန်းသယ်တော့
မင့်ငွေတွေ မနိုင့်တနိုင် မသွားချည်
ဒီနေ့တော့ မင်းရဲ့အချိန်တွေကို ခေါင်းတလားပေါ်မှာ မဖြုန်းနဲ့တော့
မင်းရဲ့ စိတ်သေးသေးလေးကို ဆုံးရှုံးသွားတဲ့အခါ
မင့်ဘဝလည်း လွတ်လပ်သွားလိမ့်မယ်
ဒါဟာ ထိုက်တန်သလား
ပညာမတတ်တဲ့ ဒီမိုကရေစီနဲ့
ဒါ့အပြင် မပြည့်စုံတဲ့ သာယာနာပျော်ဖွယ်လေးတွေရောပေါ့။
မောနွေ | Trend Myanmar

မှတ်ချက်များ