ဘရာဇီးကမ္ဘာ့ဖလားဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတွေထက် ရုပ်သံကနေကြည့်ရှုတဲ့ ပရိသတ်ဦးရေ စံချိန်ချိုးနိုင်ခဲ့ ပါတယ်။
ဓာတ်ပုံ – ရိုက်တာဂျပန်အသင်းက အိုင်ဗရီကို့စ်အသင်း ကို ၂ဂိုး၁ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲကို ဂျပန်မှာ NHK ရုပ်သံက ထုတ်လွှင့်ခဲ့ရာမှာ ပရိသတ် ၃၄ သန်းကျော် ကြည့်ခဲ့ တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဘရာဇီးက ခရိုအေးရှားကို အနိုင်ယူခဲ့တဲ့ပွဲမှာတော့ ဘရာဇီး နိုင်ငံသား ၄၃ သန်းနီးပါး ကြည့်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စု အင်္ဂလန် အီတလီ စတဲ့နိုင်ငံတွေမှာလည်း ရုပ်သံကနေကြည့်တဲ့ ပရိသတ်ဦးရေ စံချိန်တင်နိုင်ခဲ့ပါတယ်။
ဖီဖာရဲ့ ရုပ်သံဒါရိုက်တာ Nicolas Ericson က “ဒီလိုရုပ်သံကနေ ပရိသတ်စံချိန်တင်ကြည့်ခဲ့တဲ့ မှတ် တမ်းတွေဟာ ဖီဖာကမ္ဘာ့ဖလား ဟာ ကမ္ဘာတလွှား ဘယ်လောက် လူကြိုက်များနေတယ်ဆိုတာပြနေ တာပါပဲ။
အမေရိကန်နဲ့ ယူနိုက်တက်ကင်းဒမ်းလို နိုင်ငံတွေမှာ ဘောလုံးစီးပွားရေးမှာ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ အလားအ လာတွေတွေ့နေရပါတယ်လို့ ပြောခဲ့ပါတယ်။
DVB

မှတ်ချက်များ