နယူးယောက် လမ်းများပေါ်တွင် စိန်ရှာသည့် အလုပ်ဖြင့် တစ်ရက်ကို ဒေါ်လာ ၁၁၀ မကရရှိ

ပုံမှာ မြင်တွေ့ရတဲ့ သူဟာ Stepanian အမည်ရ အမျိုးသား တစ် ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ နယူးယောက်မြို့  လမ်းမပေါ်က စိန်ရှာသမား ဖြစ်ပါတယ်။

သူ့ကိုမြင်တော့ မြန်မာပြည်မှာက ပလပ်စတစ်အိပ်ကောက်တဲ့ ကလေးတွေ ကို သွားသတိရပါတယ်။ သို့ပေမယ့် Stepanian ကတော့ အများကြီး သာပါတယ်။ သူ့ဝင်ငွေက တစ်ပတ်ကို ဒေါ် လာ ၈၂၀ ရှိတယ် ဆိုတော့ တစ်ရက်ပျှမ်းမျှဝင်ငွေက ဒေါ်လာ ၁၁၀ မကပါဘူး။ အလုပ်က နည်းနည်းတော့ ပင်ပန်းပါတယ်။

နယူးယောက်မြို့ ကြီး လမ်းမပေါ်က ရေအိုင်မှာပါမကျန် ကြားတွေ ကြားတွေ ထဲအထိတောင် လိုက်လံ ရှာဖွေ ရတာ ဖြစ်ပါတယ်။ စိန်၊ရွှေတင်မက အခြားသော အဖိုးတန် ရတနာများကို တွေ့ရှိ ပါတယ်။ တကယ် တွေ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက နယူးယောက်မြို့ ကြီးက လူတွေဟာ အလုပ်တွေ ရှုပ်ပြီး လမ်းမကြီးကို ငုံ့ကြည့်ဖို့တောင် အချိန်မရကြပါဘူး။ ဒါကြောင့် Stepanian လို့ပဲ စိန်ရှာတဲ့သူ အနည်းစုအတွက် အလုပ်ဖြစ် ပါတယ်။ ပျောက်တာတွေရော၊ ပဲ့ကျထားတာတွေရော အဖိုးတန် ရတနာ အားလုံးကို သူတို့ ပိုင်သွားပါတယ်။ နှစ်ပေါင်း ၆၀ မကတဲ့ အချိန်တွေ ကတည်းက တည်ရှိနေတဲ့ စိန်ခဲ၊ ရွှေခဲတွေကိုတောင် တွေ့ရ တတ်တယ်လို့ ဆိုပါတယ်။ အကြောင်း ကတော့ နယူးယောက်မြို့ မှာ နေထိုင်သူ၊ သွားလာ သူမျာဟာ ရွှေငွေ အဖိုးတန် ရတနာများ နေ့စဉ် ပျောက်ကျ ပျောက်ဆုံး တာ ကလည်း အဓိက အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ပတ် ရှာဖွေထားတာတွေကို ပြန်ရောင်းရင် အနည်း ဆုံး ဒေါ်လာ ၈၂၀ လောက်တော့ ဝင်ငွေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နယူးယောက်မြို့ က စိန်ရှာတဲ့အလုပ် ဟာလည်း ဝင်ငွေ မစိုးတဲ့ အလုပ်မို့ စိတ်ဝင်စားသူ များပြားကြောင်း သိရပါတယ်။

 
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ