ခြိမ်းခြောက်မှုများကြောင့် ‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင် မပြဖြစ်တော့
လူ့အခွင့်အရေး၊ လူ့ ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲ တော်တွင်ပြသမည့် ‘အမိုးမရှိတဲ့ ကောင်းကင်’ (THE OPEN SKY)မှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်၍ အွန်လိုင်းမှ ခြိမ်းခြောက်မှုများ ကြောင့် ရုပ်ရှင်ပွဲတော် တွင် ပြသ တော့မည်မဟုတ်ကြောင်း ဒါရိုက် တာမင်းထင်ကိုကိုကြီးက ပြော သည်။
‘‘ရုပ်ရှင်ပွဲတော်လုပ်တာက ပဋိပက္ခတွေဖန်တီးဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ပဋိပက္ခတွေ၊ လူတွေကြားထဲမှာ အမုန်းပွားစရာ ကိစ္စတွေဖြစ်လာ မယ်ဆိုရင်တော့ ကိုယ်တိုင်လည်း အဖြစ်မခံနိုင်ဘူး။ အဲဒီလိုဖြစ်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူးဆို တော့ ဒီရုပ်ရှင်ပြသဖို့ကိစ္စကို ရုပ်သိမ်းခဲ့တာပါ’’ဟု ၎င်းက ပြော သည်။
‘အမိုးမရှိတဲ့ကောင်းကင်’ မှတ်တမ်းရုပ်ရှင်မှာ မိတ္ထီလာလူ မျိုးရေး၊ ဘာသာရေးအဓိကရုဏ်း တွင် အိမ်ဖျက် ဆီးခံရသော မွတ်စလင်အဒေါ်ဖြစ်သူထံတူမက သွားရောက်ခဲ့ပုံနှင့် ပဋိပက္ခအပေါ်အဒေါ်၏အမြင်နှင့် ပဋိပက္ခအတွင်း ၎င်းကိုအကူအညီပေးခဲ့သော ဗုဒ္ဓဘာသာဝင်မိတ် ဆွေတစ်ဦးနှင့် ၎င်းတို့ နှစ်ဦး ကြားထားရှိသော ခင်မင်မှုမေတ္တာတရားကို ရိုက်ကူးတင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ကြောင်း ရုပ်ရှင်ပွဲတော်ဇာတ်လမ်းအညွှန်း တွင် ဖော်ပြထားသည်။
ယင်းမှတ်တမ်းရုပ်ရှင်ဇာတ် ကားသည် ဆင်ဆာခွင့်ပြုချက်ရရှိ ထားပြီးသော ဇာတ်ကားတစ်ခု ဖြစ်သော် လည်း အွန်လိုင်းမှတစ် ဆင့် ခြိမ်းခြောက်မှုများပြုလုပ်ခံခဲ့ ရသောကြောင့် ဇွန်လ ၁၅ ရက်ည က ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး အဖွဲ့များနှင့်တိုင်ပင်ကာ ပြသ ခြင်းမပြုတော့ရန် ဆုံးဖြတ်ခဲ့သည် ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီး က ပြောသည်။
‘‘အမိုးမရှိတဲ့ကောင်းကင်’’ ဇာက်ကားက မိနစ်နှစ်ဆယ် လောက်ရှိတဲ့ မှတ်တမ်းရုပ်ရှင် လေးပါ။ လူငယ်လေးတွေရိုက် ထားတာပါ။ ဘာသာမတူတဲ့ အိမ်နီးနားချင်းနှစ်ယောက်တစ် ယောက်အပေါ် တစ်ယောက်ကူညီပုံ၊ စောင့်ရှောက်ပုံ၊ ချစ်ခင်ပုံတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရမယ့် ရုပ်ရှင်လေးပါ။ အမုန်းတရားတွေကိုပွားစေမယ့် ရုပ်ရှင်တော့မဟုတ်ပါဘူး’’ဟု ၎င်းကပြောသည်။
လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် တွင်မူ ယင်းဇာတ်ကားသည် မိတ္ထီလာအရေးအခင်း၌ မွတ်စလင်များကို ဗုဒ္ဓဘာသာဝင်များက အနိုင်ကျင့်နေသည်ဟု တစ်ဖက်သတ်ဝါဒဖြန့်သော ဇာတ်ကားဖြစ်သောကြောင့် ဝိုင်းဝန်းကန့်ကွက်ကြရန် ရေးသားဖြန့်ဝေလျက်ရှိသည်။
7daydaily

မှတ်ချက်များ