တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင်သတင်းစာရှင်းလင်းပွဲ ပြု လုပ်နေစဉ် တရုတ်နိုင်ငံသားပိုင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတ နာ သစ်အချောထည်စက်ရုံမှ အလုပ် သမားများအနေဖြင့် လက်ရှိအချိန်အထိ စက်ရုံထဲသို့ ပြန်ဝင်ခွင့်မရသေးဘဲ ဒုက္ခသည်စခန်းတွင် ဆက် လက်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားများ စက်ရုံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရေး အချက်ကိုပင် အလုပ်ရှင်နှင့် ညှိနှိုင်းမရဘဲ ဖြစ်နေကြောင်း သိရသည်။
“ဒီအလုပ်သမားတွေက ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အခု ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အတွက် တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ညဘက်အိမ်ရင်တောင် ခြင်ထောင်မရှိဘူး။ တစ်နေ့က အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ်ဒေါက်တာ သန်းဝင်းက ဒုက္ခသည်စခန်းကို ရောက်လာ တယ်။ လူတွေက များလှချည်လား ရွာသားတွေကိုပါ ဆွဲထည့်ထားတာလို့လည်း မေးတယ်။ ဘယ်ရွာ သားက ဒီထဲကို လာထိုင်မလဲ။ ဦးသန်းဝင်း ကိုယ်တိုင်အလုပ်ရှင်နဲ့ သုံးကြိမ်ဆွေးနွေးခဲ့ပေမယ့် အခုအချိန်အထိ အလုပ်သမားတွေက စက်ရုံထဲဝ င်ခွင့်မရသေးဘူး။
သူတို့က သပိတ်စခန်းဖွင့် တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းဖွင့်တာပါ။အခြေအနေက အရေးပေါ်ဖြစ်နေတယ်။ ဒီတိုင်းဆက်နေလို့ အဆင်မပြေဘူး။ မြို့နယ်မှာ ညိနှိုင်းလို့အဆင်မပြေလို့ ခုံသမာဓိကို ဆက်တက်မယ်လို့ ပြောတယ်။ ခုံသမာဓိကို ဆက်တက်မယ်ဆိုရင် တော်တော်ကြာမှာဆိုတော့ အလုပ်သမားတွေက အဲ့ဒီအချိန်အထိ တောင့်ခံနိုင်မှာမဟုတ်ဘူး” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးအောင်လင်းက ပြောကြားသည်။
အဆိုပါ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ကျောက်မြောင်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်သည် အလုပ်ရှင်အလုပ်သမား စာချုပ်မချုပ်ဆိုဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း ပြောကြားသည်။
အဆိုပါ စက်ရုံတွင် မေ ၁၉ ရက်က လုပ်သက်ရင့် ဝန်ထမ်းများကို အလုပ်ရှင်အလုပ်သမား သဘောတူစာ ချုပ်ချုပ် တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး လက်မှတ်မထိုးပါက အလုပ်ထုတ်မည်၊ ဖမ်း ဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မေ ၂၁ ရက်တွင်မှု လတ်မှတ်မထိုးသည့် အလုပ်သမား ၇ဝဝ ခန့်ကို အလုပ်ရှင်မှ ပြည်သူ့ရဲများ၊လုံခြုံရေးများ ပူးပေါင်းကာ စက်ရုံအပြင်သို့ ဆွဲထုတ်ခံခဲ့ရပြီး အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမား ၇ဝဝ ခန့်သည် ယင်းတို့အလုပ် လုပ်ကိုင်နေသည့် စက်ရုံနှင့် ခုနစ်မိုင်ခန့် ကွာဝေးသည့် ရှမ်းကန်ရွာဦးဘုန်းကြီးကျောင်းတွင် ဒုက္ခသည်စခန်း ဖွင့်လှစ်နေ ထိုင်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
နန်းစုနှင်းထွေး

မှတ်ချက်များ