ဟေ့ DJ မင်းရဲ့အရှေ့မှာ ရှိနေ ….၊ အကုန်လုံးထက အကုန်လုံးထကြ
ပြောင်းလဲမှုမြန်ဆန်တဲ့ အနုပညာထဲမှာ မြန်မာဂီတလောကဟာ အသစ်အသစ်တွေကို ဆွဲယူလာနေတဲ့ တကယ့်ပင်မအားတစ်ခုပါ။ ကမ္ဘာ့ရေစီးအတိုင်း Go Go, Rock N Roll ကနေ Hip Hop ယဉ်ကျေးမှုအ ထိ ခေတ်မီနေတဲ့ ဒီလောကထဲမှာ Electronic Dance Music ကို ခရာတုပ်နေကြပြန်ပါပြီ။
အိုင်တီခေတ်ထဲမှာ ဂလိုဘယ်လူသားတွေ ခိုက်တဲ့ Electronic Dance Music ဆိုတာ ဘာလဲ။ ဘယ်လိုဂီ တပုံစံမျိုးလဲ။ အဆိုတော် အားတီကတော့ DJ Producer တွေနဲ့ပေါင်းပြီး ၂ဝ၁ဝလောက်က To the Floor သီချင်းနဲ့ မိတ်ဆက်ခဲ့ပေမယ့် ပရိသတ်လက်ခံခဲ့ဘူးလို့ ဆိုပါတယ်။ ၂ဝ၁၂လောက်မှ တစတစ ရေပန်းစား လူကြိုက်များလာတယ်လို့ ပြောပြပါတယ်။
Electro Pop ကနေ အခု EDM လို့လူသိများလာတဲ့ ဒီဂီတပုံစံဟာ Super Model လိုအဖွဲ့တွေအပြင် အဆိုတော်သစ်တွေလည်း ပေါ်လာတာပါ။ အားတီကိုယ်တိုင်ကတော့ Candy ဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်ခဲ့တာမို့ EDM အရွေ့ အားကောင်းနေပြီလို့ ဆိုပါတယ်။
အစဉ်အလာအရ Pop နဲ့ Rock အမျိုးအစားတွေ လွှမ်းမိုးထားနိုင်တဲ့ ဂီတလောကမှာ တစ်နိုင်ငံလုံးအဆင့် EDM အမျိုးအစား မလွှမ်းမိုးနိုင်ပေမယ့် ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး စတဲ့မြို့ကြီးတွေမှာ ရင်ခုန်သံတွေ ပြောင်းလဲနေပါပြီ။ Lday Ga Ga လို့လို ပင်မရေစီးကြောင်းထဲက အဆိုတော်တွေတောင် EDM ပုံစံကို ချပြလာနေတာမို့ ကမ္ဘာမှာတော့ ဒိတ်ဒိတ်ကြဲပါ။ မြန်မာမှာရော ဘယ်လိုရှိလဲ။
EDM ဂီတခေတ်စားလာတာနဲ့အမျှ DJ သမားတွေရဲ့အခန်းကဏ္ဍကလည်း ရှေ့တန်းရောက်လာနေပါတယ်။ DJ ကိုရူးသွပ်တဲ့ လူငယ်တွေလည်းများလာတာကြောင့် ရန်ကုန်မှာ DJ ကိုစနစ်တကျသင်တဲ့ သင်တန်းကျောင်းတစ်ခုလည်း ပေါ်ပါလာတယ်။
Juize MuzicCenter သင်တန်းကျောင်းဟာ DJ လောကမှာ အောင်မြင်နေတဲ့ DJ Players တွေစုစည်းပြီး ဖွင့်ထားတာကြောင့် သင်တန်းတက်ဖြစ်တာလို့ စိုးမင်းနိုင်က ပြောပါတယ်။
သူ့ဘဝမှာ အရူးသွပ်ဆုံးကတော့ DJ Music ဖြစ်ပြီး ဘယ်ဂီအမျိုးအစားပဲဖြစ်ဖြစ် ကလပ်ထဲရောက်နဲ့ လူတိုင်းကလို့ရတဲ့ ဂီတဖြစ်လို့ နောင်မှာလည်း ပိုပြီးခေတ်စားလာမယ်လို့ ယုံကြည်နေသူပါ။ DJ ဟာ Rock, Pop, Punk စတဲ့ဂီအမျိုးအစုံအလင်ကို ကာလာတွေ၊ Element တွေနဲ့ Remix လုပ်ပြီး Dance Music အဖြစ် ဖန်တီးထားတ့ဂီတပါ။
၁၉၉ဝပြည့်လွန်နှစ်တွေမှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ DJ ဟာ အခုတော့ ၂၁ရာစုရဲ့ ပထမဆယ်စုနှစ်မှာ တင် အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်လာနေပါပြီ။
ရန်ကုန်ရဲ့ Nightlife ယဉ်ကျေးမှုဟာ DJ နဲ့ EDM ဂီတတွေကတော့ လတ်တလော မင်းမူစိုးမိုးနေပါပြီ။ (ရုပ်/သံ)
kamayutmedia

မှတ်ချက်များ