အွန်လိုင်းပေါ်ကနေ ကားအရောင်းအဝယ်အကျိုးဆောင်လုပ်နေတဲ့ MyanmarCarsDB.com က Google မှာ သူတို့လိပ်စာကို ရှာတဲ့အခါMotors.com.mm က ဆင်တူရိုးမှား လုပ်နေတယ်လို့ ဇွန် ၂ဝမှာ စွပ်စွဲလိုက်ပါ တယ်။ အင်တာနက်ပေါ်မှာ စီးပွားရေးလုပ်တဲ့အခါ ဒီလိုစိန်ခေါ်မှုတွေက အသစ်အဆန်းဖြစ်နေတာလား။
သူတို့ အွန်လိုင်းကားရောင်းဝယ်ရေး အကျိုးဆောင် MyanmarCarsDB.com ဟာ လုပ်ငန်းတစ်ခု နာမည် ရအောင် ကြိုးစားခဲ့ရပြီး အခုလို ၂နှစ်အကြာမှာ ဆင်တူယိုးမှားဖြစ်အောင် လုပ်ငန်းတူကုမ္ပဏီနဲ့ ရောထွေး သွားရင် နာမည်ပါရောပျက်သွားမယ့်သဘောရှိတယ်လို့ CEO ကိုဝေယံလင်းက ပြောပါတယ်။
သူတို့ကုမ္ပဏီဟာ ၂ဝ၁၂ ဇန်နဝါရီမှာ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့တာဖြစ်တယ်ဆိုပြီး ဇွန် ၂ဝရက်နေ့က Orchid Hotel မှာ မီဒီယာတွေကို ဖိတ်ကြားရှင်းလင်းခဲ့ပါတယ်။ မီဒီယာတွေကနေတစ် ဆင့် ပြည်သူတွေသိသွားရင် အလားတူ ပုံစံတူလုပ်ရပ်တွေကို ဟန့်တားသွားနိုင်မယ်လို့ ပြောပါတယ်။
Google ကနေ Search လုပ်တဲ့အခါ လုပ်ငန်းတူ ပြိုင်ဘက်တွေရဲ့ keyword တွေကိုဝယ်ပြီး ဆင်တူရိုး မှား ကြော်ငြာတာမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဒီလိုပြဿနာဟာ ပထမဆုံးဖြစ်တာလို့ ကိုမြတ်မင်းဟန် က ပြောပါတယ်။ နိုင်ငံတကာမှာတော့ ဒီလို ကြေငြာမျိုးကို အိုင်တီလောကသမားတွေက ကျင့်ဝတ်နဲ့ မညီဘူးလို့ သတ်မှတ်လို့ ဆိုပါတယ်။
MyanmarCarsDB.com ကုမ္ပဏီစွပ်စွဲတဲ့ အခြားလုပ်ငန်းတူ ကုမ္ပဏီက Rocket Internet ကုမ္ပဏီဖြစ်ပြီး ဂျာမနီက Lamudi နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အိမ်ခြံမြေအတွက် House.com.mm/ မော်တော်ကားအ တွက် Motors.com.mmကြေငြာအတွက် Ads.com.mm နဲ့ အလုပ်အကိုင်အတွက် Work.com.mm လုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။
kamayutmedia

မှတ်ချက်များ