နီနီခင်ဇော်ရဲ့ image က ဒါပါလားရယ်လို့ သိသွားစေမယ့် နီနီခင်ဇော်ရဲ့ မာရီယိုဗီစီဒီ

မကြာခင်အချိန်အတွင်းမှာပရိသတ်တွေမျှော် လင့်တောင့် တနေတဲ့ မာရီယို အမ်တီဗီကို အ ထူးခြားဆုံး နဲ့ အဆန်းပြားဆုံး ရိုက်ကူးထားပြီး ပထမထွက်ရှိခဲ့တဲ့ အခွေထက်စာရင် အများကြီး ကြိုးစား အားထုတ်ထား တယ်လို့ပြောလာတဲ့ နီနီခင်ဇော်နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ သူမက “မာရီယို ဗီစီဒီလေးက ရှေ့လထွက်ပါ မယ်။ မီဒီယာပွဲလဲ လုပ်ပါဦးမယ်။ အဲဒီအခွေလေးကို အဆန်းပြားဆုံးနဲ့ အလှပဆုံးဖြစ်အောင် ရိုက်ထား တယ်။ နီနီခင်ဇော်ဆိုပြီး image ကို ထူးခြား စွာမြင်ရမယ့် အပုဒ်တွေလဲပါမယ်။ သူဒီလိုလဲ လုပ်ရဲပါ လားဆိုတဲ့ အတွေးတွေ ထင်ဟပ်စေမဲ့ အပုဒ်လဲပါတယ်။ လေယာဉ်ပျံသီချင်းကိုလဲ လေယာဉ်ပျံ အစစ်နဲ့ ရိုက်ထားပါတယ်။

ဒါရိုက်တာတွေကတော့ ဇော်ကိုကို၊ ၀င်းလွင်ထက်၊ အောင်မြတ်၊ အာကာ၊ ကိုဝေဖြိုး၊ မမွန်း၊ ကိုမောင် သာမြင့်တို့ပါ။ သရုပ်ဆောင်ထားတာ မကိုယ်တိုင်များတယ်။ တခြားသူဆိုရင် ၀င့်ယမုံလှိုင်ပါတယ်။ Patricia ပါတယ်။ မင်းသားတွေကတော့ နာမည်ကြီး သရုပ်ဆောင် အစ်ကိုတွေ၊ မော်ဒယ်လ်တွေ တော်တော်များများ ပါပါတယ်။ နီနီ အားစိုက်ပြီးရိုက်ထားရတဲ့ သီချင်း ၃ပုဒ်လောက်ပါတယ်။ အဲ့တော့ အဲဒီသီချင်းတွေသည် ပရိသတ်လက်ထဲကို အဓိပ္ပါယ်ရှိရှိနဲ့ရောက်သွားစေချင်တယ်။ ပေါက်ဖို့ထက်ပေါ့နော်။ မရော ၊ ဒါရိုက်တာတွေရော အရမ်းကို ကြိုးစားထားတယ်။ အထပ်ထပ် ပြန်ရိုက်ရတာတွေလဲရှိတယ်။ အဲဒီတော့ အပြစ်ပြောစရာတွေလဲ ထွက်လာမှာပေါ့လေ။ အပြစ်တွေထဲက အကောင်းတွေကိုတော့ ကြည့်နူးပြီးခံ စားရမှာပေါ့နော်။ နောက်အယ်ဘမ်တစ်ခုအတွက် အဲဒီထဲကနေပြီး သင်ခန်းစာယူသွားမယ်။ ရိုက်ကူးထား တာက ကမ်းခြေတွေပါမယ်။ တောင်ကြီးဖက်တွေပါမယ်။ နောက်ပြီးတော့ ရန်ကုန်မှာကြိုက် တာများမယ်။ အမ်တီဗီပြီးရင်တော့ နီနီတခြားဟာတွေကို ဆက်run ရမှာပေါ့နော်”တဲ့။

ပုဒ်မ ၄၃၆ နဲ့ပတ်သတ်ပြီးတော့လဲ “အစ်မကြိုးစားပြီးတော့ လေ့လာနေပါတယ်။ မတို့လုပ်သင့်၊ မလုပ်သင့် ပါဝင်သင့်၊ မပါဝင်သင့် စဉ်းစားနေပါတယ်။ အနုပညာရှင်တွေ နိုင်ငံရေး လုပ်တယ်ဆိုတာက ကိုယ့်စိတ်ပေါ် မှာမူတည်တယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ပေါ့။ သူက နိုင်ငံရေးလုပ်ချင်လုပ်မယ်။ တခြားသူ စိတ်ပါရာတစ်ခုခု လုပ်ချင်လဲလုပ်မယ်။ ဘယ်သူက ဘာလုပ်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာ ပဲပေါ့လို့ပြောပြခဲ့ပါတယ်။”လို့ သူမက ဖွင့်ဟပါတယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ