ခွေးကိုက်ဒဏ်ရာနှင့်ကလေးငယ်ကို KFC ကြက်ကြော်ဆိုင်မှမောင်းထုတ်
ခွေးဘီလူးကိုက်ခံရ၍ မျက်နှာဒဏ်ရာနှင့် မျက်စိကာတစ်ဖက်တပ်ထားသော ၃ နှစ်သမီးတစ်ဦးကို အခြား စားသုံးသူများအနှောက်အယှက်ဖြစ်နေ၍ KFC ကြက်ကြော်ဆိုင်မှ ထွက်ခွာပေးရန်ပြောဆိုခဲ့သည် ဆိုသောကြောင့် လူမှုကွန်ယက်မီဒီယာတွင် KFCကိုဒေါသတကြီးဖြင့် ပြင်းပြင်း ထန်ထန်တုံ့ပြန်ခဲ့ကြသည်။
လူမှုကွန်ယက်မီဒီယာအသုံးပြုသူများမှ KFC ဆိုင်ကိုသပိတ်မှောက်ဆန့်ကျင်ရန် ပြောဆိုလှုံ့ဆော်ကြပြီး သည့်အခါKFC က မဆိုင်းမတွတောင်းပန်ခဲ့သည်။
ယင်းကလေးငယ်၏ ဆေးကုသစရိတ်အတွက် ဒေါ်လာ ၃ သောင်း လှူဒါန်းပါမည်ဟုလည်း KFC က ပြောဆို ခဲ့သည်။ လွန်ခဲ့သော လအနည်းအငယ်က ခွေးဘီလူးကိုက်ခံရသည့် ဗစ်တိုးရီးယားဝီချာသည် ပုံမှန်ဆေးကု သခံနေရကာ အဖွားဖြစ်သူ ကယ်လီမူလန်က မြေးဖြစ်သူကို မစ္စစပီပြည်နယ် ဂျက်တန်မြို့ရှိ KFC ကြက်ကြော်ဆိုင်သို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
လက်ဖက်ရည်အချိုတစ်ခွက်နှင့် အာလူးနှပ်စွပ်ပြုပ်မှာယူပြီးသည့်အခါ သူရဲ့မျက်နှာဟာ အခြားစားသုံး သူတွေကို အနှောက်အယှက်ဖြစ်လို့ ဆိုင်ထဲကထွက်ခွာပေးပါဟု KFC ပြောဆိုခဲ့သည့်အကြောင်း အဖွားဖြစ်
သူက မီဒီယာသို့ပြောသည်။ မျက်နှာခွဲစိတ်မှုကြိမ်ဖန်များစွာ ခံယူနေရသည့် ဗစ်တိုးရီးယားသည် အိမ်အပြန် လမ်းတစ်လျှောက်လုံး ငိုယိုခဲ့ကာ မှန်ကိုပင်မကြည့်တော့ကြောင်း မိသားစုဝင်များက ပြောသည်။
” ဒီမျက်နှာက သင်တို့ကို ကြောက်ရွံ့စရာဖြစ်နေလား ” ဆိုသည့် မေးခွန်းနှင့်အဆိုပါဖြစ်စဉ်ကို ဗစ်တိုးရီးယား မိသားစု Facebook မှ တင်ပြခဲ့ပြီးနောက် လူမှုကွန်ယက်မိဒီယာအသုံးပြုသူများအကြား KFC အပေါ်မကျေ နပ်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည်။ တနင်္လာမနက်ထိ ၎င်း ဖေ့ဘုစ်ခ်စာမျက်နှာတွင် ” Like ” ပေါင်း ၄၉၀၀၀ နီးပါးရရှိခဲ့သည်။
Popular Journal

မှတ်ချက်များ