Miss Universe Myanmar 2014 ဆန်ကာတင်ရွေးပွဲ ကျင်းပ

Miss Universe Myanmar 2014 ဆန်ကာတင် ၂၀ ရွေးချယ်သည့် အခမ်းအနားကို ဇွန် ၄ ရက်နံနက် က မြန်မာလေညှင်းကုမ္ပဏီ ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ လျှောက်ထားလာသည့် လျှောက်လွှာရှင် လေးရာအနက် လူဦးရေ ၄၀ ကို ရွေးချယ်ကာ ဆန်ကာတင် ၂၀ ရွေးချယ်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်များတွင် ယခင်နှစ်ပြိုင်ပွဲများ၌ ပါဝင်ခဲ့သူအချို့ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်မှုများရှိသလို အခြားအလှမယ် ရွေးချယ်ပွဲများတွင် ဆုရရှိထားသည့် မော်ဒယ်များလည်း ပါဝင်သည်။

ယခင်နှစ်ပြိုင်ပွဲကဲ့သို့ပင် ရန်ကုန်နှင့် မန္တလေးမှ ပြိုင်ပွဲဝင်အများစု ပါဝင်ကာ မြစ်ကြီးနား၊ တောင်ကြီးမြို့များမှ ပြိုင်ပွဲဝင်များလည်း ပါဝင်သည်။

Miss Universe Myanmar 2014 ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်တွင်အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်သည်။

မယ်ရွေးပွဲရုပ်/သံ





ဆန်ကာတင်ပြိုင်ပွဲဝင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

မှတ်ချက်များ