Miss Universe ပြိုင်ပွဲဝင်များ ပုဂံနှင့် ပြင်ဦးလွင်သွားမည်
မယ်စကြ၀ဠာ(မြန်မာ)ပြိုင်ပွဲဝင်များ၏ ပြည်တွင်းခရီးစဉ်အဖြစ် ပုဂံနှင့် ပြင်ဦးလွင်မြို့များသို့ ဇွန်လ ၂၂ ရက်တွင် သွားရောက်မည်ဖြစ် ကြောင်း Miss Universe Myanmar ပြိုင်ပွဲ၏ National Director ဒေါ်စိုး ယုဝေက ပြောသည်။
‘‘ဇွန် ၂၂ ရက်မှာ ပုဂံသွားမယ်။ ပုဂံမှာ လေးရက်နေမယ်။ ၂၆ မှာ မေမြို့တက်မယ်။ ၂၇ ရက်နေ့ပြန်လာ မယ်’’ဟု ဒေါ်စိုးယုဝေကပြောသည်။
ပြည်တွင်းခရီးစဉ်အဖြစ် အထက်ပါမြို့များကို ရွေးချယ်ခဲ့ခြင်းသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် ပုဂံဒေသကို ပရိုမိုးရှင်းလုပ် သည့် သဘောဖြစ်သလို မြန်မာနိုင်ငံ၏ လှပသည့် ဒေသတစ်ခုဖြစ်သော ပြင်ဦး လွင်မြို့ကို ပရိုမိုးရှင်းလုပ်သည့် သဘောဖြစ်ကြောင်း Miss Universe Organization မှ ကိုချမ်းလင်း သူကပြောသည်။
ပြည်ပခရီးစဉ်အနေဖြင့် ဇူလိုင် ၄ ရက်တွင် ထိုင်းနိုင်ငံဖူးခက်ကမ်းခြေသို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင်မူ ပြိုင်ပွဲအကြိုလေ့ကျင့် မှု အစီအစဉ်များပြုလုပ်သွားမည်ဖြစ်သည်။
7daydaily

မှတ်ချက်များ