အခွင့်ထူးမခံ ၊ သာမန်ပြည်သူဘ၀နဲ့ရိုးရှင်းစွာဖြတ်သန်းနေတဲ့ တောင်ကိုရီးယား နိုင်ငံ၏မြို့တော် (Soul)ဆိုးမြို့တော်ဝန်

Photo : “ ကိုရီးယားက ဆိုးလ်မြို့ တော်ဝန် Park Won-soon။ ရထားစီးပြီးအိမ်အပြန်လမ်းမှာ တနေ့ တာ ၀န်ကိုထမ်းပြီး
ပန်းသမျှကို လမ်းတခဏမှာ မှေးစက်ရင်းနဲ့ ဖြေလေရဲ့ ။ ပြည်သူ
ထဲက ပြည်သူတဦး ဖြစ်လို့  သူ့ တာဝန် မြို့ တော်ဝန်ရာထူးဟာ
သူ့ အတွက်တော့ အလုပ်တခုသာ။ ဘယ်မှာလဲ အာဏာ
စည်းစိမ်ပေါ်မှာ ယစ်မူးနေတဲ့  အရိပ်လက္ခဏာတွေ။ ”


 တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံ စစ်တပ်က အာဏာသိမ်း
မခံရမီထိ မြန်မာနဲ့ စီပွားရေးအဆင့်အတန်းမှာ အဆင့်တူတွေပါ။
မြန်မာကတောင် နည်းနည်းပိုသာချင်သာပါလိမ့်မယ်။

ဒါပေမယ့် ယခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့
ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာခဲ့ပြီး၊ မြန်မာနိုင်ငံကတော့ ကမ္ဘာ့
အဆင်းရဲဆုံးနိုင်ငံထဲက တစ်ခုဖြစ်သွားခဲ့ပါတယ်။

အဲလိုဖြစ်သွားရတဲ့အကြောင်းရင်းတွေထဲမှာ…ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုထက်၊ တိုင်းပြည်ကို အုပ်ချုပ်မင်းမူ လာ တဲ့ လူတန်းစား ကနေ…အခြေခံပြည်သူတွေအထိ စိတ်ဓာတ်ရေးရာနဲ့ စာရိတ္တမဏ္ဍိုင်ပြို လဲပျက်စီးခဲ့ ရခြင်းက အဓိကအကြောင်းချင်းရာတွေထဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်..။

ဒီပုံလေးမှာဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးမြို့တော်ဝန်ရဲ့အခွင့်ထူးမခံ၊ အခြေခံပြည်သူဘ၀ လိုနေပြီး ရုံးတက်၊ ရုံးဆင်းနေတဲ့ပုံလေးပါ..။

သူတို့မြို့တော်ဝန်ရဲ့ အခွင့်ထူးမခံ၊ ရိုးရှင်းစွာဖြတ်သန်းနေတဲ့ဘ၀ကိုမြင်ပြီးဆိုးမြို့တော်သူ၊ မြို့တော်သားတွေ ဟာ အတော်ချီးကျူးဂုဏ်ယူနေကြပါတယ်။ ဒီပုံလေးကို သူနဲ့အတူ ရထားအတူစီးနေတဲ့ ကိုရီးယားပြည်သူ
တစ်ဦးက မှတ်တမ်းတင်ထားတာပါ။ သူတို့တိုင်းပြည်တွေဖွံ့ဖြိုးတာဘာကြောင့်လဲဆိုတဲ့ အဖြေတွေထဲက အဖြေတစ်ခုကို ဒီပုံရိပ်တွေကနေတွေးယူဆင်ခြင်နိုင်ပါတယ်။

ဒီပုံလေးကနေ ဆက်စပ်တွေးမိတာကတော့ - စိတ်နှလုံးပြည့်ဝပြီး…တိုင်းပြည်နဲ့ပြည်သူလူထုအပေါ် အခွင့်ထူးမခံ၊လေးလေးစားစား ဆက်ဆံ၊ ချစ်ခင်ကြတဲ့ ခေါင်းဆောင်တွေရှိကြတဲ့တိုင်းပြည်တွေ ဟာ ဖွံ့ဖြိုးတိုးတက်ကြတာ၊ ငြိမ်းချမ်းသာယာကြတာမဆန်းပါဘူးလို့ပဲ သုံးသပ်ရှုမြင်ပါတယ်။

Ko Min Aung Naing

မှတ်ချက်များ