သူမရဲ့ ပထမဆုံးမိုဘိုင်းဂိမ်း Trailer ကို Instagram ကနေ ကြေငြာခဲ့တဲ့ Kim Kardashian
Kanye West နဲ့ မကြာမီကမှ လက်ထပ်ထားတဲ့ Kim Kardashian ဟာ သူမရဲ့ ပထမဆုံး ဆဲလ်ဖုန်း၊ tablet ဂိမ်း “Kim Kardashian Hollywood” ရဲ့ trailer ကို သူမရဲ့ Instagram စာမျက်နှာမှာတင်ပြီး ဗုဒ္ဓဟူးနေ့ က ကြေငြာလိုက်ပါတယ်။
“ လာမယ့်အပတ် App Store နဲ့ Google Play တို့ မှာ KimKardashianGame အသစ်ကို တင်တော့မယ် ဆိုတာ ကြေငြာဖို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်” လို့ သူမ က ရေးသားခဲ့ပါတယ်။
Kim ဟာ မကြာသေးမီက စတူဒီယိုဆက်ရှင်တစ်ခုက selfie ပုံတစ်ခုကိုလည်း တင်ခဲ့ပါသေးတယ်။ သူမဟာ စတူဒီယိုမှာ ဒီဂိမ်းသစ်အတွက် နောက်ခံစကားပြောအသံသွင်းနေခဲ့တာပါ။ ဒီဂိမ်းဟာ နာမည်ကျော် celebrity တစ်ယောက်ဖြစ်အောင် မိမိဇာတ်ကောင်ကို ဖန်တီးရတဲ့ဂိမ်းဖြစ်ပြီး “hit the hottest clubs flirt(sic) and fall in Love” နဲ့  “make the A-list” ဆိုပြီး ဂိမ်း ပုံစံနှစ်မျိုးရွေးဆော့ နိုင်မှာဖြစ်ပါတယ်။
Google Play store နဲ့ iTunes app store တို့ မှာ နောက်တစ်ပတ်ထွက်ရှိမှာဖြစ်ပါတယ်။
Angel | Trend Myanmar

မှတ်ချက်များ