၁၉၃၁ ခုနှစ်၊ ဇွန်လက ပို့လိုက်တဲ့ စာတစ်စောင်ဟာ (၈၃) နှစ်ကြာမှ ရောက်ရှိလာခဲ့ပါတယ်။ ကျောင်းဆရာမ မာရီအမ်ဟာ သူ့ရဲ့မိခင်ဖြစ်သူ ကို အသက် (၂၃) နှစ် အရွယ်က ပေးပို့ခဲ့တဲ့ စာတစ်စောင် ဖြစ်ပြီး စာတိုက်မှာပဲ နှစ်ပေါင်းများစွာ ရှိနေခဲ့တာမို့ ဘယ်ကိုမှ ရောက်သွားခြင်း မရှိပါဘူး။ လက်ရှိ အချိန်မှာပဲ သမီးဖြစ်သူရော၊ မိခင်ဖြစ်သူပါ ကွယ်လွန်သွားကြပြီ ဖြစ်ပြီး စာနဲ့ပတ်သက်တဲ့ အကြောင်းကို သိခွင့်မရ တာက ၀မ်းနည်းစရာ ဖြစ်ခဲ့ပါ တယ်။
မက်ဆာချူးဆက် ပြည်နယ်၊ ပစ်ဖီးလ်မြို့မှာရှိ တဲ့ စာတိုက် ၀န်ထမ်းတစ်ဦးဟာ ဒီစာကိုတွေ့ ရှိပြီးတဲ့နောက် မူလပိုင်ရှင်ဖြစ်သူကို ပြန်လည် ပေးအပ် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီစာမှာ ကျောင်းဆရာမ ဖြစ်တဲ့ သမီးဖြစ်သူ မာရီအမ်က မိခင်ဖြစ်သူ မက်မိုက်ကယ်ကို ရေးသားပေးပို့ထားခြင်းဖြစ်ပြီး စုစုပေါင်း ကိုးမျက်နှာအထိ ပါဝင်ပါ တယ်။
စာထဲမှာ သမီးဖြစ်သူက စာမရေးဖြစ်တာကြာပြီကို တောင်းပန်ပါကြောင်း၊ ရက်သတ္တပတ်တိုင်း စာလာမယ့် ရက်ကို မျှော်လင့်နေသည်ကို သိရှိ ပါကြောင်း စသည်ဖြင့် ရေးသားခဲ့ပေမယ့် မိခင်ဖြစ်သူထံ ရောက်သွားခြင်း မရှိပါဘူး။ ဒီစာကို ပြန်လည်ပေးပို့ရာမှာ သက်ဆိုင်သူ နှစ်ဦးစလုံးမရှိတော့တာမို့ မက်မိုက်ကယ်ရဲ့ တူမဖြစ်သူ အသက် (၆၉) နှစ် အရွယ် အန်မက် မိုက်ကယ်ကို ပေးခဲ့ရပါတယ်။ ဒီစာကိုတွေ့ရှိခဲ့တဲ့ စာတိုက်လုပ်သား ရိုဝဲလ်က ကျွန်တော်တွေ့ခဲ့တဲ့ စာအိတ်က အရမ်းကို ဟောင်းနွမ်းနေပါတယ်။
တံဆိပ်ခေါင်းကလည်း နှစ်ဆင့်သာ တန်ဖိုးရှိပါတယ်။ မြင်ကတည်းက ဟောင်းနွမ်းနေ တဲ့ စာဆိုတာ သိခဲ့ပါတယ် လို့ ပြောကြာသွားခဲ့ပါတယ်။ ဒီစာကို ပြန်လည်ပေးရာမှာ စာရေးသားထားတဲ့ သူဟာ နာမည် အပြောင်းအလဲတွေ ပြုလုပ်ထား လို့ မနည်းရှာဖွေခဲ့ရပေမယ့် မူလပိုင်ရှင်ဖြစ်တဲ့ စာရေးသားတဲ့ ဆွေ မျိုးတွေဘက်က ဘာကြောင့် နောက်ကျမှ ရောက်လာသလဲဆိုတာ ဖြေရှင်းပေးဖို့ ဆန္ဒရှိ နေကြပါတယ်။
Messenger

မှတ်ချက်များ