အိုင်အက်စ်အိုင်အယ်လ်တပ်တွေ ထိန်းသိမ်းထားသည့် အိန္ဒိယသူနာပြု ၄၆ ဦး ပြန်လွှတ်

အီရတ်နိုင်ငံ မြောက်ပိုင်းမှာ အိုင်အက်စ်အိုင်အယ်လ် တပ်တွေက ထိန်းသိမ်းထားတဲ့ အိန္ဒိယ သူနာပြု ၄၆ ယောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ပြန် လွှတ်ပေးလိုက်ပြီ ဖြစ်လို့ အိန္ဒိယနိုင်ငံကို ဇူလိုင် ၅ ရက် ဒီနေ့မှာ ပြန်လည်ရောက်ရှိလာကြတော့မှာ ဖြစ်ပါတယ်။

အိုင်အက်စ်အိုင်အယ်လ်တပ်တွေ တီကရစ်မြို့ကို သိမ်းပိုက်စဉ် သူနာပြုတွေဟာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ကြ ရတာ ဖြစ်ပေမယ့် အီရတ်စစ်တပ်ကိုပဲ ပစ်မှတ် ထားတာကြောင့် သူတို့ကို အိုင်အက်စ်အိုင်အယ်လ်တပ်တွေ က ကောင်းကောင်းမွန်မွန်စောင့်ရှောက်ခဲ့တယ် လို့ သူနာပြု တဦးက ပြောဆိုပါတယ်။

သူနာပြုတွေအားလုံးဟာ အိန္ဒိယအနောက်တောင်ပိုင်းက ကိုချီမြို့ကို ပြန်လည် ဆိုက်ရောက်လာမှာ ဖြစ်ပြီး အထူးလေယာဉ်တစင်း စေလွှတ်ထားတယ်လို့ ကီရာလာပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

အိန္ဒိယသူနာပြုတွေ ပြန်လွှတ်လာကြပေမယ့် အိန္ဒိယ ဆောက်လုပ်ရေးအလုပ်သမား အယောက် ၄၀ ကတော့ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေူးဘူးလို့ ဆိုပါတယ်။

အီရတ်နိုင်ငံမှာ အိန္ဒိယနိုင်ငံသား အယောက် ၁ သောင်းလောက် အလုပ်လုပ်နေကြပြီး အများစု ကတော့ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။

DVB

မှတ်ချက်များ