နီဆန် ကုမ္ပဏီက လေအိတ် ပြဿနာကြောင့် ကား နှစ်သိန်းကျော် ပြန်လည် သိမ်းဆည်း


ဂျပန် မော်တော်ကား ထုတ်လုပ်သည့် နီဆန် ကုမ္ပဏီက အမေရိကန် နိုင်ငံတွင် နောက်ထပ် ကား အစီးရေ ၂၃ဝဝဝဝ ခန့် ကို လေအိတ်များ မကောင်းသည့် အတွက် ပြန်လည် သိမ်းဆည်းမည် ဖြစ်ကြောင်း ပြောကြား လိုက်သည်ဟု ဇူလိုင် ၂၇ရက် အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

လေအိတ် ပြဿနာကြောင့် ပြန်လည် သိမ်းဆည်း ရသည့် ကားစီးရေ စုစုပေါင်း ၆၆၄၆၂၈ စီး အထိ ရှိမည် ဖြစ်ကြောင်းနှင့် ယင်းလေအိတ်များကို ဂျပန်တာကာတာ ကော်ပိုရှင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နီဆန်က ထုတ်ပြန်သည်။

ကားများ ပြန်လည် သိမ်းဆည်းမည့် အကြောင်း အမျိုးသား အမြန်လမ်း လုံခြုံရေး ကွပ်ကဲမှု ဌာနသို့ အစီအ ရင်ခံ ပြီး ဖြစ်သောကြောင့် နစ်ဆန် ကုမ္ပဏီက အဆိုပါ ပြဿနာကို ချက်ချင်း ကိုင်တွယ် ဖြေရှင်းရန် လုပ်ဆောင်နေပြီ ဖြစ်သည်။

လေအိတ်ချို့ယွင်းသည့် ယာဉ်များမှာ ၂ဝဝ၁ မှ ၂ဝဝ၃ ခုနှစ်ကြား ထုတ်ခဲ့သည့် ကားများဖြစ်ကြောင်း နီဆန်က ပြောသည်။ ချွတ်ယွင်းမှု ဖြစ်သည့်ကား အမျိုးအစား များတွင် Infinita I35, Nissan Maxima တို့အပြင် Pathfinder နှင့် Sentra မော်ဒယ်လ် ကားများ ပါဝင်သည် လေအိတ်ပွင့် ဆော့ဝဲလ်တွင် ချို့ယွင်း ချက် ရှိနေသောကြောင့် မတော်တဆမှု ဖြစ်ပွားသော အခါ အခုအခံ လုပ်ပေးမည် လေအိတ်ပွင့်ရန် အတား အဆီး ဖြစ်နိုင်သည်။

ကမ္ဘာ့တစ်ဝန်း လတ်တလောတွင် ဦးဆောင် ကားကုမ္ပဏီများ ဖြစ်သည့် တိုယိုတာ၊ နီဆန်၊ ဟွန်ဒါ၊ မာဇဒါ၊ ဘီအမ်ဒဗလျူ၊ ချန်စလာဖို့ဒ်၊ ဂျင်နရယ် မော်တာ ကုမ္ပဏီများက ပြန်လည် သိမ်းဆည်း နေရသည့် ကားစု စုပေါင်း အစီးရေသည် ဆယ်သန်းကျော် ရှိနေပြီ ဖြစ်သည်။

mizzima

မှတ်ချက်များ