ရှားပါးလင်းနို့ မျိုးစိတ်သုံးခု တွေ့ရှိထား


မြန်မာနိုင်ငံတွင် ရှားပါးလင်း နို့မျိုးစိတ် သုံးခုတွေ့ ရှိခဲ့၍ ပိုမိုထိန်းသိမ်း စောင့်ရှောက်စေရန် လုပ်ဆောင်သွား မည်ဟု ရှားပါးလင်းနို့ သုတေသန ထိန်းသိမ်းစောင့် ရှောက်ရေး ဆွေးနွေးပွဲမှ မန္တလေးတက္ကသိုလ်သတ္တဗေ ဒ ဌာနပါမောက္ခ ဒေါက်တာ ဒေါ်မီမီစိန် က ပြောသည်။

လင်းနို့ သုတေသနနှင့် ထိန်းသိမ်းစောင့် ရှောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးတက္ကသိုလ်၊ သတ္တဗေဒ ဌာနနှင့် အရှေ့တောင်အာရှ လင်းနို့ သုတေသန ထိန်းသိမ်းစောင့် ရှောင့်ရေးအဖွဲ့ (SEABCRU)တို့ ပူးပေါင်း ၍ သြဂုတ် ၁၆ ရက်မှ ၂၀ရက်အထိ ၅ ရက်ကြာ ပြုလုပ်သည့်ဆွေး နွေးပွဲတွင် ပြောသွားခြင်းဖြစ် သည်။

“ကျွန်မတို့ နိုင်ငံမှာ ရှားပါးလင်း နို့မျိုးစိတ် သုံးမျိုးတွေ့ရှိခဲ့ပါတယ်။ သတဤတဗေဒ ဌာနအနေနဲ့ လင်းနို့တင် မက နိုင်ငံအတွက် လိုအပ်ကဏ္ဍပေါင်းစုံကို နိုင်ငံတ ကာနဲ့ ပူးပေါင်းပြီး ဆက်လက်လေ့ လာဖို့ ရှိပါတယ်” ဟု ဒေါက်တာ ဒေါ်မီမီစိန်က ပြောသည်။

ယခုတွေ့ရှိခဲ့သည့် ရှားပါးလင်းနို့မျိုး စိတ်သုံးမျိုးမှာ Kachin Woolly Bat, Keri- voula Kachinensis. Titania s woolly bat, Kerivoula titania. House Dwelling Leaf-nose bat, Hipoosideros einnaythu တို့ဖြစ်သည်ဟုဆိုသည်။

ကမ္ဘာပေါ်တွင် လင်းနို့မျိုးစိတ်ပေါင်း ၃၄၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် လင်းနို့မျိုး စိတ်ပေါင်း ၁၀၀ နီးပါး ရှိ ကြောင်း၊ မြန်မာနိုင်ငံမှ လင်းနို့မျိုးစိတ်နှင့်ပတ်သက်၍ အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း နှင့် အရှေ့တောင်အာရှလင်းနို့ သုတေသနအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်သွားရန် စီစဉ်နေကြောင်း Texas Tech Univer- sity Associate Professor Dr.Tigga King ston က ပြောသည်။

“မြန်မာနိုင်ငံက လင်းနို့မျိုးစိတ်ပေါင်း ၁၀၀ နီးပါး ပိုင်ဆိုင်ထားပါတယ်”ဟု ၎င်းက ပြောသည်။ရှားပါးလင်းနို့  မျိုးစိတ်များ တွေ့ရှိရန် သုတေသနလုပ်ငန်းများကို ဆက်လက်ပြုလုပ်ပြီး အရှေ့တောင်အာရှတွင် ဒုတိယ အများဆုံးတွေ့ရှိရသည့် နိုင်ငံဖြစ်လာနိုင်သည့် အနေအထားသို့ ရောက်ရှိကြောင်းဆိုသည်။

မျိုးသန့် | mizzima

မှတ်ချက်များ